News

Moemaka Prepoter – Shaw Tunntay Sayar Daw attached in International monks meeting.

ရွှေတွံတေးဆရာတော် နိုင်ငံတကာ ဘုန်းကြီးများအစည်းအဝေး တက်ရောက်
မိုးမခအထောက်တော်
ဇွန် ၆၊ ၂၀၁၃

ဂျပန် – ထိုင်း – မြန်မာ အပါအ၀င် ၉ နိုင်ငံဘုန်းကြီးများအစည်းအဝေးကို ထိုင်းနိုင်ငံ အာရမ်ပထစ်တွင် ၃၁. ၅. ၂၀၁၃နေ့ မှ ၂. ၃၁. ၅. ၂၀၁၃ နေ့ ထိကျင်းပရာ ရွှေတွံတေးဆရာတော်နှင့်မဟာချိုင်မိသားစုများ တက်ရောက်ခဲ့ကြသည်။
အခြေခံလူထုအကျိုးပြုလုပ်ငန်းများကို နိုင်ငံအလိုက်ဆွေးနွေးအကြံပြုကြပြီးပဋိပက္ခ ဖြေရှင်းနိုင်ရေးအတွက်လည်း စည်းဝေးခဲ့ကြသည်။
ရွှေတွံတေးဆရာတော်က….. ရခိုင် ဘင်္ဂါလီ ပဋိပက္ခ – အစိုးရနှင့် ကချင် ပဋိပက္ခ – လူမျိုးရေး ဘာသာရေး ပဋိပက္ခ အခြေခံနှင့် ဖြေရှင်းနိုင်ရေး ၀ိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့သည်။ လက်ရှိ အခြေအနေတွင်လည်း လိုအပ်သလိုအရေးပေါ်ကယ်ဆယ်ထောက်ပံ့ရေးနှင့် ရေရှည်တည်ဆောက်ရေးစီမံချက်များ စသဖြင့်အသေးစိတ် ဆွေးနွေးခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts