>Kyaw Thu – FFSS Yangon Activity (21st September 2010)

>

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
စက်တင်ဘာလ ၂၁၊ ၂၀၁၀

ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ်ထံပြန်လာပြီ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးကူညီမှု ပေးဆပ်သည့် နာရေးလမ်းကြောင်းများသည် ရထားကြိတ် သေဆုံးမှု၊ ဆွဲကြိုးချ သေဆုံးမှု၊ ရေနစ်သေဆုံးမှု၊ လမ်းဘေး သေဆုံးမှု၊ မီးလောင် သေဆုံးမှုများအပြင် အထပ်မြင့် အဆောက်အဦများတွင် သေဆုံးသော ရုပ်အလောင်းများကို သယ်ဆောင် ကူညီရာတွင် ရုပ်အလောင်းများထံမှ အညစ်အကြေးများသည် သယ်ဆောင်ကြသော နာရေးကူညီမှုအသင်း(ရန်ကုန်)က ဝန်ထမ်းများ၊ အသင်းသားများတို့ထံ တွင် ပေကျံစွန်းထင်းမှုများ ဖြစ်ပေါ်လေ့ရှိသည့်အတွက် စင်ကာပူနိုင်ငံရောက် မြန်မာလူမျိုး အလှူရှင်များကလည်း ရုပ်အလောင်းထည့်သည့် ရေလုံဇစ်အိတ်များကို ယခင်က လှူဒါန်းပေးခဲ့ဖူးပါသည်။

ယင်းသို့ လှူဒါန်းပေးခဲ့သော ရေလုံဇစ်အိတ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)က အထပ်မြင့် အဆောက်အဦများပေါ်ရှိ ရုပ်အလောင်းများကို သယ်ဆောင်ပေးလျှက်ရှိရာ ရုပ်အလောင်းများကို ပွေ့ပိုက်၍ သယ်ဆောင်ခြင်းတို့ကို ပြုခဲ့ရသည်။ (စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၏ ဖခင် ဦးချစ်အောင် ရုပ်အလောင်းအား အထပ်မြင့်မှ သယ်ဆောင်ခဲ့ခြင်း) ထို့သို့ ရုပ်အလောင်းများကို ပွေ့ပိုက်သယ်ဆောင်ပေးမှုတို့ကို အမြင်မသင့်တော်ခြင်း၊ အန္တရာယ်များခြင်း၊ ကျန်းမာရေးနှင့် မကိုက်ညီခြင်းတို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုသတင်းများ ပါဝင်သော အင်တာနက်သတင်း စာမျက်နှာတို့မှ တဆင့် မြင်တွေ့ခဲ့ရသော စင်ကာပူနိုင်ငံရောက် မြန်မာလူမျိုး အလှူရှင် မနုနုခိုင်နှင့် သူငယ်ချင်းများသည် စင်ကာပူနိုင်ငံရှိ Peace Haven Funeral Service Pte,ltd., မှ ရုပ်အလောင်းများ သယ်ဆောင်ရာတွင် အသုံးပြုသော ရုပ်အလောင်းတင်ကဒ်များကို လာရောက်လှူဒါန်းသွားခဲ့ပါသည်။

ထို့သို့ လှူဒါန်းမှုတို့သည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးကူညီမှု လမ်းကြောင်းများ သယ်ဆောင်ရာတွင် အများအမြင်တွင် တင့်တယ်စေခြင်း၊ အန္တရာယ်ကင်းစေခြင်း၊ ကျန်းမာရေးနှင့် ကိုက်ညီခြင်းတို့အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ပေးဆပ်မှုများသည် စနစ်တကျ၊ စည်းကမ်း တကျဖြင့် ဆထက်တံပိုး တိုးတက်ကာ အများပြည်သူတို့အတွက် ဆက်လက် ပေးဆပ်နိုင်တော့မည့် အင်အားတရပ်ပင် ဖြစ်ပါတော့သည်။


“သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားသင့်သည်”

ကံ ကံ၏ အကျိုးဆက်

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လူမျိုးဘာသာ ဆင်းရဲ ချမ်းသာမရွေး လူနာများ၏ ရောဂါဝေဒနာများအား အခမဲ့ ကုသပေးလျက်ရှိရာ ၂၀.၉.၂၀၁၀ (တနင်္လာ)နေ့တွင် ခွဲစိပ်လူနာတဦးအား အရေးပေါ် ခွဲစိပ်ကုသပေးခဲ့ပါသည်။ လူနာ၏ ကျောတွင်ရှိသော ၂ လက်မ ပတ်လည်ရှိသော အဆီဖုကြီးအား သုခကုသိုလ်ဖြစ်ဆေးခန်းမတွင် ဒေါက်တာမသီတာနှင့် သူနာပြုဆရာမများတို့မှ အောင်မြင်စွာ ခွဲစိပ်ကုသ ပေးနိုင်ခဲ့ပါသည်။ ထိုလူနာမှာ မိမိ၏ စားဝတ်နေရေးအတွက် ဝက်အရိုးထုတ်သောလုပ်ငန်းကို လုပ်ကိုင်စားသောက်နေရသူဖြစ်သဖြင့် ကံ ကံ၏အကျိုးကို ခံစားရခြင်းဖြစ်သည်ဟု သူ၏စိတ်တွင် ခွဲစိပ်ခံနေရသည့်အချိန်တွင် ခံစားဖြစ်ပေါ်လျက် ရှိနေတော့သည်။

“ကိုယ်ပြုသောကံ . . . ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်”

ယင်း ခွဲစိပ်မှုမှတ်တမ်း ဓာတ်ပုံများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် သုခအလင်း စာကြည့်တိုက်မှူး စောညီစံ တို့မှ မှတ်တမ်းတင် ရိုက်ကူးပေးခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts