Uncategorized

Letter to Moemaka

ဒါ ဒီမိုကရေစီလား၊ စည်းကမ်းမဲ့တာလား (မိုးမခပေးစာ)
ဟင်္သာတသား
ဇွန် ၇၊ ၂၀၁၃


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ပဒေသာဈေးကြီးအတွင်းတွင် I , H 1, G 2 နှင့် အခြားဈေးသည် တစ်ချို့သည် လူသွားလမ်းများ အပေါ် တွင် ပစ္စည်းများချိတ်ဆွဲရောင်းချခြင်း၊ လုပ်ခွင့်ပြုထားသော အမိုးများထက် ပိုမိုကျူးကျော် တပ်ဆင်ပြီးရောင်းချနေကြသောကြောင့် (၁၈) ပေ ကျယ်သောလမ်းမကြီးမှာ အခုဆို ဈေးဝယ်သူ လုပ်သားပြည်သူတို့အတွက် အနှောက်အယှက်များစွာဖြစ်ရခြင်း၊ သွားလာရန် ခက်ခဲခြင်း တို့ကို သက်ဆိုင်ရာ ဟင်္သာတစည်ပင်သာယာမှ ၀န်ထမ်းများ၊ ဈေးအရာရှိ ဦးဝင်းအောင်သူ တို့က သေသေချာချာ ထိထိရောက်ရောက်  အရေးယူဆောင်ရွက်ခြင်းမရှိပါဘူး။
ထို့အတူ ဟင်္သာတမြို့ပေါ်မှာ ဆိုင်ကယ်ဦးထုပ်မဆောင်းရင် ဆိုင်ကယ်တစ်စီးကို (၆၀၀၀) တောင်းဖို့ပဲ စိတ်ကူးထဲရှိပြီး ကျန်ရှိသောယာဉ်များ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ကြီးမားစွာ ချိုးဖေါက်နေခြင်းကို အရေးယူခြင်းမရှိပါ။ အထူးသဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ရုံးရှေ့တွင် သုံးဘီးဆိုင်ကယ်များ စည်းကမ်းမဲ့စွာ ရပ်ထားမှုများကို အရေးယူခြင်းမရှိပဲ ရပ်နားခသာ ကောက်ခံထားတယ်။

မန်းဘခိုင်လမ်းတစ်လျောက်တွင်လည်း အနှေးယာဉ်ဆိုက္ကားများ၊ တွန်းလှည်းများ မ၀င်ရဟု သတ်မှတ်ထားသော်လည်း ဆိုက္ကားများ လိုင်းပြောင်းပြန် စီးခြင်း၊ တွန်းလှည်းများ မတော်မတရားတင်ပြီး တွန်းလှည်းတွန်းသူများ ဆဲဆိုတိုင်းထွာစကားများပြောဆိုခြင်း၊ တိုက်မလိုဖြစ်ရင် အများနှင့်တစ်ယောက် ရန်ရှာခြင်းတို့လို ကိစ္စများကို ဟင်္သာတဌာနဆိုင်ရာများ၏ ကြီးကြပ်ကွပ်ကွဲမှု အားနည်းသောကြောင့် စည်းကမ်းမရှိစွာ မြို့ပေါ်တွင် ဖြစ်ပျက်နေကြောင်း သက်ဆိုင်သူများ သိရှိစေရန် တင်ပြအပ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts