>Obituaries of two young men killed by Burmese tatmadaw in Pegu

>

စစ်တပ်၏ပစ်သတ်ခံရသူ အပြစ်မဲ့လူငယ် ၂ ဦး အသုဘရှူတရားနာ မိဘများဖိတ်ကြား
မိုးမခဓာတ်ပုံသတင်း
စက်တင်ဘာ ၆၊ ၂၀၁၀
လက်ခံရရှိတဲ့ လမ်းပြကြယ်အဖွဲ့အီးမေးအရ စနေနေ့ညက စစ်တပ်ရဲ့ ပစ်သတ်ခြင်းခံရသူ အပြစ်မဲ့လူငယ် ၂ ဦး ရဲ့ အသုဘနဲ့ ဆွမ်းကျွေးဖိတ်စာကို မိဘများက ထုတ်ပြန်လိုက်ပါတယ်။ ၇ ရက် စက်တင်ဘာ အင်္ဂါနေ့ နေ့ခင်း ၁၂ နာရီမှာ  အသုဘရှူ သဂြိ င်္ုဟ်ရန် နဲ့ လာမည့် စနေ့နေ့မှာ ရက်လည်ဆွမ်းကျွေး ရန် ပရိသတ်ကို ဖိတ်ကြားထားပါတယ်။ အခုဗီဒီယိုမှတ်တမ်းကတော့ မီးသဂြိုဟ်တဲ့ နေရာမှာ လူထုပရိသတ်က မနေ့က သွားရောက် စောင့်ဆိုင်းနေကြတဲ့ မှတ်တမ်း ဖြစ်ပါတယ်။ သည်နေရာမှာ ကြည့်ပါ။ 
 မြန်မာပြည်မှာ ရွေးကောက်ပွဲကာလနီးကပ်လာတာနဲ့ အမျှ စစ်အစိုးရနဲ့ လက်နက်ကိုင်တပ်မတော်ရဲ့ အကြမ်းဖက်မှု၊ ရန်စမှုတွေ ဥပဒေမဲ့ မင်းမဲ့စရိုက် ပြူမူမှုတွေ ပိုမို တိုးပွားလာတဲ့ ပြယုဒ်တခု ဖြစ်တယ် လို့ ဆိုပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts