>Burmese Helping Burmese – Charity News

>

အလှူဒါနပြုကြသူငှာ – ကြားသိသမျှ ဒီတလ

မိုးမခ နဲ့ ပြည်သူ့ဂုဏ်ရည် ပြန်ကြားရေးအဖွဲ့ ပူးပေါင်းရေးတယ်
စက်တင်ဘာ ၃၊ ၂၀၁၀
 နိုင်ငံတကာရှိ ရခိုင်တိုင်းရင်းသားမိသားစုများ ၀ိုင်းဝန်းကြတဲ့ “နိုင်ငံတကာရခိုင်အမျိုးသားအသင်း” က သြဂုတ်လ ၂၉ နေ့စွဲနဲ့ အလှူငွေ အမေရိကန်ဒေါ်လာ ၂၆၅၀.၀၀ ဖိုး မြန်မာပြည်ရခိုင်ရေဘေး ကူညီရေး ကယ်ဆယ်ရေးအတွက် လှူဒါန်းနိုင်ခဲ့ကြောင်း ထပ်မံကြားသိရပါတယ်။ အဲသည်အထဲမှာ ရေဘေးသင့် မူလတန်းကျောင်းပေါင်း ၁၃ ကျောင်း (ကျေးရွာ ၁၄ ရွာ) က ကလေးငယ်ပေါင်း ၆၀၅ ဦး အတွက် ကျောင်းဝတ်စုံအလှူငွေ ၁၈ သိန်းဖိုးလည်း ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။
(ဓာတ်ပုံကတော့ ရခိုင်ပြည်နယ်၊ ရေဘေးသင့် ကျေးရွာတခုက ကလေးငယ်များ ဓာတ်ပုံ)

          အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်ဘေးဧရိယာရှိ မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက် ဆရာတော်များနှင့် တောင်ကြီးမြို့ သိမ်တောင်စာသင်တိုက် ဆရာတော် အရှင်နေမိန္ဒဘိဝံသကို အမှူးထားပြီး ဘေးဧရိယာက မြန်မာအမေရိကန်ဗုဒ္ဓဘာသာအသင်း၊ ရတနာ့ဂုဏ်ရည်အသင်း၊ ထေရ၀ါဒဓမ္မအသင်းဝင် ဓမ္မသင်တန်းသားများ ကောင်းမှုဖြင့် တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက်၊ ကွန်ပျူတာသင်တန်းခန်းမကို သြဂုတ်လ ၂၅ ရက်က ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ စုစုပေါင်း အလှူငွေ ကျပ် ၆၆ သိန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
          ရန်ကုန်မြို့၊ သင်္ကန်းကျွန်း ငါးကျမ်းပြန်ကျောင်းတိုက်နဲ့ အမေရိကန်ပြည် ဆန်ဖရန်ဘေးဧရိယာက မေတ္တာနန္ဒ၀ိဟာရ ကျောင်းတိုက် ဦးဆောင်ဆရာတော် အရှင်ဓမ္မပီယ ဆောင်ရွက်နေတဲ့ နာဂစ်သင့်မိဘမဲ့ကလေးများစောင့်ရှောက်ရေး (Child Aid Foundation) က လပွတ္တာ၊ သင်္ကန်းကုန်း၊ ကွမ်းခြံကုန်း၊ ဒေးဒရဲမြို့်နယ်များရှိ စာရင်းပြုစုထားတဲ့ကလေးသူငယ်များကို ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ်မှာ တည်ဆောက်နေတဲ့ မေတ္တာနန္ဒ မိဘမဲ့ကလေးများအတွက် ပညာဒါနဂေဟာကလည်း လာမယ့် ဒီဇင်ဘာမှာ အပြီးသတ်နိုင်မယ်လို့ ဆိုပါတယ်။ မိုးမခကတဆင့် လက်ခံရရှိတဲ့ အလှူငွေများ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁၀.၀၀ ကို သြဂုတ်လဆန်းမှာ တကြိမ်၊ ယခု စက်တင်ဘာအတွက် ဒေါ်လာ ၂၀၀.၀၀ ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။
          လွန်ခဲ့တဲ့ ၂၀၁၀ ဇွန်လမှာ ထူထောင်ခဲ့တဲ့ ဖန်မီးအိမ် အမျိုးသမီးနဲ့ ကလေးများ ပညာရေး ထောက်ပံ့စောင့်ရှောက်ရေး အလှူရှင်အဖွဲ့ ဖြစ်ပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းသူဟောင်းတွေနဲ့ အသင်းဝင် ၆၀ နီးပါးက ထည့်ဝင်တဲ့ လစဉ်ရန်ပုံငွေတွေနဲ့ ပြည်တွင်းက သီလရှင်ကျောင်းတွေ၊ ပရဟိတကျောင်းတွေကို ကူညီနေတယ်လို့ ဆိုပါတယ်။ သူတို့ အင်တာနက်လိပ်စာက ဒီမှာပါ – http://www.phanmeeein.org/

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts