>Burma’s top leader to visit China

>

မြန်မာ စစ်ခေါင်းဆောင် တရုတ်နိုင်ငံ သွားမည်
AP သတင်းဌာန
စက်တင်ဘာ ၂၊ ၂၀၁၀

ဗိုလ်ချုပ်မှူးကြီး၏ ဇူလိုင်လ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ထိုနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူများက သူ့ဓာတ်ပုံကို မီးရှို့ပြီး ဆန္ဒထုတ်ဖော်ကြသည်။ (ဓာတ်ပုံ – getty images)


မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရုတ်နိုင်ငံသို့ လာမည့် ရက်သတ္တပတ်တွင် သွားရောက်တော့မည်။ ခရီးစဉ်ကို အငြင်းပွားဖွယ် ရွေးကောက်ပွဲ မတိုင်ခင် ပြုလုပ်မည်ဖြစ်သည်။ ထိုရွေးကောက်ပွဲကြောင့် မြန်မာပြည် တည်ငြိမ်အေးချမ်းလာနိုင်ပြီး နိုင်ငံတကာ၏ ဝေဖန်မှုများ ရပ်သွားနိုင်သည်ဟု တရုတ်အစိုးရက မျှော်လင့်ထားသည်။

တရုတ်နိုင်ငံသည် မြန်မာအစိုးရအတွက် အဓိက မဟာမိတ် ဖြစ်ပြီး မြန်မာအစိုးရ အလွန်အမင်း လိုအပ်နေသော သံတမန်ရေး နှင့် စီးပွားရေး ကူညီမှုများ ပေးအပ်လျက် ရှိသည်။ အနောက်အုပ်စုကမူ မြန်မာစစ်အုပ်စုကို လူ့အခွင့်အရေး ချိုးဖောက်မှု၊ လွန်ခဲ့သည့် နှစ် ၂၀ ရွေးကောက်ပွဲတွင် အရွေးခံရသူများကို အာဏာပေးအပ်ခြင်း မပြုမှု တို့ကြောင့် ဖယ်ကျဉ်ထားသည်။

တရုတ်အစိုးရကမူ မြန်မာပြည် တည်ငြိမ်မှုကို မြင်လိုသည်။ ယမန်နှစ်က နယ်စပ်တိုက်ပွဲကြောင့် ဒုက္ခသည်များ တရုတ်နိုင်ငံအတွင်း အလုံးအရင်း ၀င်ရောက်လာခြင်းကို စိတ်ပျက်ခဲ့ရသည်။

နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိုးသမီး Jiang Yu ကြာသပတေးနေ့တွင် ပြောကြားချက်အရ စစ်အုပ်စု အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးက ၄ ရက်ကြာမည်ဟု ဆိုသည်။ ခရီးကို အင်္ဂါနေ့တွင် အစပြုမည် ဖြစ်ပြီး ပီကင်း၊ ရှန်ဟဲကုန်စည်ပြပွဲတို့ကို ရောက်ရှိမည် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts