>BBC and SPDC guys

>မိုးမခတောထဲက သတင်းအပိုင်းအစများ

ဘီဘီစီ၊ ဗိုလ်မောင်အေး၊ ဗိုလ်ဌေးဦး နဲ့ အသစ်ကလေးများ
အဝေးကြည့်မှန်ပြောင်း
စက်တင်ဘာ ၂၊ ၂၀၁


၇၀ ဘီဘီစီ

အသံလွှင့်ဌာန တံဆိပ်ပါ ဦးထုပ်နဲ့ စတိုင်ကျနေသူ ဈေးထဲက ဆိုင်ရှင်


ဘီဘီစီ မြန်မာဌာနက ဒီကနေ့ သက်တမ်း ၇၀ ပြည့်ပြီ တဲ့။ ၀ိုင်းတော်သားများက ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့လယ်က ဈေးမှာ မွေးနေ့ အထိမ်းအမှတ် အမှတ်တရပစ္စည်းတွေ ဝေငှ၊ အင်တာဗျူးတာတွေ လုပ်ခဲ့ပါတယ် တဲ့။ ဒီလို ၀ိုင်းတော်သားများ ကိုယ်တိုင် ကွင်းဆင်းတာကို မနေ့က မနက်ပိုင်း အစီအစဉ်မှာ လွှင့်သွားတာ နားထောင်လိုက်ရတယ်။

ကွင်းဆင်းပုံကို အသံလွှင့်ဌာနက တိုက်ရိုက် အင်တာဗျူးပြီး တိုက်ရိုက် လွှင့်လိုက်သဗျ။ ဗျူးသူက လှမ်းသတိပေးတယ် ဈေးထဲမှာ ခွေးကိုက်ခံရမယ် သတိထား ဆိုပဲ။ အနှောင့်အယှက်ပေးခံရနိုင်တယ် သတိထားလို့ ပြောလိုဟန် ရှိပါတယ်။ ခွေးနဲ့ အနှိုင်းခံရသူတွေက ဒေါသ ထွက်နိုင်ပါတယ်။ ( ခွေးအစစ်တွေ သိသွားရင်လည်း ဒေါသ ထွက်နိုင်တဲ့ သတိပေးချက်ပါပဲ။ ၀ုတ် ၀ုတ် – ဒီကောင်တွေကို ငါတို့နဲ့ လာမနှိုင်းနဲ့ ၀ုတ် ၀ုတ် ၀ုတ် လို့ ပြန်တုံ့ပြန်မယ် ထင်ပါရဲ့)

ဗိုလ် မောင်အေး နေမြဲ
ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ယခင် ရာထူးများအတိုင်း ဆက်လက် ရှိနေသည်လို့ ပြောလိုက်တာကတော့ ဒီကနေ့ ဗိုလ်ချုပ်ကြီးတို့ လူစာရင်းစာ – အဲ – သတင်းစာ ကြော်ငြာမှာပါ။ ဟုတ်ကဲ့ – စာမျက်နှာ ၁မှာ မျက်နှာဖုံးမှာပါ။ သ၀ဏ်လွှာပေးပို့ ဘာညာကွိကွ ကြော်ငြာမှာပေါ့။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းတွေက တက်လာတယ် မဟုတ်လား၊ မောင်အေးကြီး ဘာဖြစ်သွားပြီ ညာဖြစ်သွားပြီလို့ ဆိုကြတယ်လေ၊ သူ့ကိုပဲ ပေါတာကြီးသန်းရွှေက နားရင်းရိုက်လိုက်သလို၊ အရက်နာကျလို့ မောနင်းပက် မော့ရတာတွေက နေ့စဉ်ဖြစ်နေတာကြောင့် လူမြင်ကွင်း မထွက်နိုင်သလို – လိုလို သတင်းတွေချည်း ဖတ်နေရရာကနေ အခုလို မျက်နှာဖုံးမှာ အယောင်ပြ ပါလာတာကို မြင်လိုက်ရတာပါပဲ။

အပိုအလုပ်တွေ

“ခင်ဗျားတို့မဲတွေ အကုန်လုံး ကျုပ်တို့ရမှာနော်” လို့ ပြောနေသလား


လယ်ဆည် ၀န်ကြီး ဦးဌေးဦးက လူထုကြားထဲ ၀င်ပြီဗျ။ ဒီကနေ့ ကြေးမုံမှာ ဒီကျေးဇူးရှင်ကို အခုလို တွေ့ရပါတယ်။ မဲဆွယ်တယ်လို့ ဝေဖန်ခံရတော့မှာပဲ။ တကယ်တော့ ဆွယ်ဖို့ လိုသေးသလားဗျာ။ နာဂစ် အခြေခံဥပဒေအရ ဖြစ်လာမယ့် ရွေးကောက်ပွဲပြီးရင် သူတို့ပဲ လွှတ်တော်တက်ကြမယ် မဟုတ်လား။ အေးရာအေးကြောင်း နေစမ်းပါ ကျေးဇူးရှင်ရယ်။

ရန်ကုန်တိုင်းမှူးသစ်
တိုင်းမှူးသစ် ဗိုလ်မှူးချုပ်ထွန်းသန်းကို သတင်းစာမှာ ဒုအကြိမ် ပွဲထုတ်ပြန်ပါပြီ။ ပညာရေးဝန်ကြီးဌာနက လုပ်တဲ့ အောင်ချက်ကောင်းကျောင်းဂုဏ်ပြုပွဲ သွားတက်တဲ့အကြောင်း ရေးထားတဲ့ သတင်းမှာပါ။ တိုင်းမှူးရဲ့ အလုပ်ဆိုတာ အခမ်းအနားတွေ လိုက်တက်ရတာမှန်း သိကြရအောင် သတင်းထည့်တာလား၊ တိုင်းမှူး အသစ်ကလေးကို စာဖတ်သူရှေ့ ချပြချင်တာလား၊ စစ်ဗိုလ်တွေ အကုန်လုပ်နိုင်တယ်လို့ လျှောက်ပြောချင်တာလား တခုခုတော့ တခုခုပဲ။

အမည် ထိပ်တန်းလျှို့ဝှက်
ဒီသတင်းကတော့ တပ်မမှူးရဲ့ သတင်းပါပဲ။ သူ့ပုံက ဒီသတင်းမှာ ၂ ပုံတောင် ပါသဗျ။ိပွဲက သူ့ပွဲဖြစ်တယ်၊ ပွဲမှာ သူ ဘာလုပ်တယ် စသဖြင့်ရေးထားတယ်။ သို့သော်လည်း သူ့နာမည်တော့ မထည့်ထားဘူး။ ဒါလည်း ဗိုလ်ချုပ်ကြီးတို့ သတင်းစာ စတိုင်ပဲ ထင်ပါရဲ့။ SPDC journalism မြန်မာလို ပြောရရင် နအဖစာနယ်ဇင်းအရေးအသားပေါ့ဗျာ။

ဒီလူကြီးက မော်ဒယ်ဂဲ မဟုတ်ပေမယ့်လည်း နာမည်ဘယ်လို ဆိုတာတော့ အသိချင်သား။ အဲဒီဒေသက တပ်ရင်းမှူး ၁၀ ယောက်လောက်ကို ဆွဲစိထားတယ် ဆိုသကိုးဗျ။ ကဲ – ဒီတခေါက်တော့ ဒီလောက်ပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts