>Thai trade fairs returns Rgn after 5 years

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

၅ နှစ်ကြာပြီးနောက် တကျော့ပြန်လာသည့် ထိုင်းကုန်စည်ပြပွဲ
မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၂၉၊ ၂၀၁၀
အိမ်တွင်း အလှဆင်ပစ္စည်း၊ ပရိဘောဂများ ပြသထားသည့် ဆိုင်ခန်းနှင့် လာရောက်ကြည့်ရှုသူများ


၂၀၀၅ ခုနှစ် မေလ ပုဇွန်တောင် ဈေးအနီးရှိ ရန်ကုန် ကုန်သွယ်ရေး ဗဟိုဌာနတွင် ကျင်းပခဲ့သည့် ထိုင်းကုန်စည်ပြပွဲ နောက်ဆုံးနေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးကတည်းက ရပ်ဆိုင်းသွားခဲ့သည့် ထိုင်းကုန်စည် ပြပွဲသည် ၅နှစ်ကျော် ကြာပြီးနောက် ပုံစံ တစ်မျိုးဖြင့် တပ်မတော်ခန်းမတွင် ပြသခဲ့သည်။

ယခုပြပွဲကို ထိုင်းကုန်စည်ပြပွဲဟု ခေါ်ဆိုခြင်း မပြုဘဲ `အပြည်ပြည်ဆိုင်ရာ ထုတ်ကုန်စည်ပြပွဲ´ ဆိုသည့် အမည်ဖြင့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကိုသာ ပြသသည့် ပွဲအဖြစ် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယခုလ ၂၇ ရက်နေ့မှ ယနေ့ညနေ ၅ နာရီထိ ၃ ရက်ကြာ ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ ပို့ကုန် မြှင့်တင်ရေးဌာနက စီစဉ် ပြသသည့်ပွဲဟု ဖေါ်ပြထားသည်။ ထိုင်းနိုင်ငံသံရုံးနှင့် အခြားသော ပြပွဲ ကျင်းပရန် စီစဉ်သည့် အဖွဲ့အစည်းများ အရောင်းဆိုင်များ ၊ ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်း အရောင်း ကိုယ်စားလှယ်များ ပါဝင် ပြသကြသည့်ပွဲ ဖြစ်သည်။

ထိုင်းကုန်စည်ပြပွဲ ကျင်းပချိန်သည် ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိက အကျဆုံးမြို့ ဖြစ်သည့် မြ၀တီ-မဲဆောက် ဂိတ်များ ပိတ်ထားပြီး ထိုင်းကုန်ပစ္စည်းများ ပြည်တွင်း၌ ဈေးတက်နေချိန်၊ ပစ္စည်းပြတ်လပ်နေချိန် တို့နှင့် တိုက်ဆိုင်နေသည်။ နယ်စပ်ဂိတ် ပိတ်ထားသည်မှာ တစ်လခွဲဝန်းကျင် ရှိနေပြီး နှစ်နိုင်ငံ နယ်စပ် သောင်ရင်းမြစ်ကမ်းထိန်း နံရံ ဆောက်သည့်ကိစ္စကြောင့် မြန်မာအစိုးရက တဖက်သတ် ပိတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ စစ်အစိုးရဘက်မှ ဒုဝန်ကြီး အဆင့် မြ၀တီမြို့သို့ သွားရောက် ဆွေးနွေးပြီး ဖြစ်သော်လည်း ယခုအချိန်ထိ ဂိတ်များကို ပြန်လည် ဖွင့်လှစ်ခြင်း မရှိသေးပေ။

ထိုင်းကုန်သည်များ ဘက်မှ ဘတ်သန်းထောင်နှင့်ချီ နစ်နာလျက်ရှိသည်ဟု ပြောဆိုလျက် ရှိသည်။ မြန်မာနိုင်ငံဘက်မှလည်း ရေထွက်ပစ္စည်း၊ စိုက်ပျိုးရေး ထုတ်ကုန် တင်ပို့မှု မပြုနိုင်သဖြင့် နစ်နာမှုများ ရှိသော်လည်း စစ်အစိုးရက ထိုနစ်နာမှုများကို လျစ်လျူရှုထားသည်။

006 ထိုင်း ကုန်စည်ပြပွဲမှ စားသောက်ကုန် ပစ္စည်း ကြော်ငြာသူ မိုဒယ် တဦး

ထိုင်းနိုင်ငံထုတ် အလှကုန် ပစ္စည်း ၀ယ်ယူနေသူ တဦး၊
ကားအလှဆင်ပစ္စည်း၊ ကားအော်ဒီယိုပိုင်းဆိုင်ရာ ပစ္စည်းကြော်ငြာ မိုဒယ် နှစ်ဦးနှင့် အမ်ကေ ကုမ္ပဏီကြော်ငြာ

ထိုင်းနိုင်ငံထုတ် အားဖြည့် အချိုရည်များ ရောင်းသည့်ဆိုင်
အဆင်သင့်စား ခေါက်ဆွဲထုပ်များ အနက် ထင်ရှားပြီး ရောင်းအား ကောင်းသည့် အမှတ်တံဆိပ်တစ်ခု ဖြစ်သည့် မားမား ခေါက်ဆွဲ အရောင်းဆိုင်
တပ်မတော် ခန်းမ(အင်ဗွိုင်း) အ၀င် မြင်ကွင်း



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts