>Burmese 3 Senior Generals retiring from military positions

>

နအဖ စစ်ခေါင်းဆောင် ယောက် တပ်မှ အနားယူကြပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၂၇၊ ၂၀၁၀
လာမယ့်နိုဝင်ဘာလ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲပြီးနောက် အရပ်သားအစိုးရ အဖွဲ့တွင်ပါဝင်ဆောင်ရွက်ဖို့အတွက် နအဖ စစ်အစိုးရ၏ ထိပ်ဆုံးမှ ခေါင်းဆောင် ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ စစ်တပ်ရာထူးတွေကနေ အနားယူလိုက်ကြတယ်လို့ ယနေ့ ညနေပိုင်းနေပြည်တော်မှ လာတဲ့ သတင်းများအရ သိရပါတယ်။
အဆိုပါ ၃ယောက်မှာ  ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက ဒုကာကွယ်ရေး ဦးစီးချုပ်နှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ ) ရာထူးတွေကို အသီးသီး ယူထားကြတာပါ။ ဒီရာထူးတွေဟာ ၁၉၉၃  ခုနှစ် ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချပြီးနောက် တောက်လျှောက် စွဲကိုင် အုပ်ချုပ်လာပြီး  စစ်အစိုးရအဖွဲ့ရဲ့ ထိပ်ဆုံးမှ ရာထူးတွေလည်း ဖြစ်ပါတယ်။
လစ်လပ်သွားတဲ့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုတော့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ရာထူးကို ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို အစားထိုး ခန့်အပ်လိုက်တယ်လို့ ထွက်ပေါ်လာတဲ့ သတင်းများအရ သိရပါတယ်။
သူတို့ ၃ ဦး အနားယူတာ အပြင် တခြား ဒုတိယ ဗိုလ်ချုပ်ကြီးများလည်း တပ်ရာထူးများမှ အနားယူခဲ့ကြကာ သူတို့ရဲ့ ရာထူးနေရာများကို လက်ရှိစစ်တိုင်းမှူးတွေက အစားထိုးခန့်အပ်ခဲ့တယ်လို့ နေပြည်တော်မှ လာတဲ့သတင်းတွေအရ သိရပါတယ်။ ရန်ကုန်တိုင်း၊ အရှေ့တောင်တိုင်း၊ အလယ်ပိုင်းတိုင်း၊ နေပြည်တော်တိုင်း၊ အရှေ့မြောက်တိုင်း၊ အနောက်မြောက်တိုင်း၊ ကမ်းရိုးတန်းတိုင်း အသီးသီးက စစ်တိုင်းမှူးတွေဟာ ရာထူးတိုးမြှင့်ခံရပြီး ကာကွယ်ရေး ၀န်ကြီးဌါနမှာ စစ်ရာထူးအသီးသီးဆက်ခံကြပါတယ်။
စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်လည်း တပ်ရာထူးမှ အနားယူတယ်လို့ နေပြည်တော်မှ လာတဲ့ သတင်းအရသိရပါတယ်။
အခုလို နအဖ စစ်ခေါင်းဆောင်တွေ တပ်ရာထူးမှ အနားယူလိုက်ခြင်းဟာ အနှစ်သာရအရ မှန်ကန်မယ်ဆိုရင်တော့ အတော်လေး စွန့်စားပြီး လုပ်ဆောင်တဲ့ ဆောင်ရွက်ချက်တစ်ခုလို့ ရန်ကုန်မြို့မှ သတင်းစာဆရာ တဦးက ဝေဘန်ပြောဆိုပါတယ်။
ဘာကြောင့်လဲဆိုရင် နအဖ စစ်ခေါင်းဆောင်တွေဟာ ဦးနေ၀င်းရဲ့ အဖြစ်အပျက်ကို နမူနာယူပြီး စစ်တပ်ရာထူးကို မစွန့်လွှတ်ရဲတော့ဘူးလို့ လေ့လာသူတွေက သုံးသပ်ထားတာဖြစ်လို့ပါပဲ။
          အခုလို စစ်ရာထူးစွန့်ပြီးနောက်  စစ်တပ်ရဲ့ နေ့တဓူဝကိစ္စတွေမှာ ၀င်ရောက်စီမံ ခန့်ခွဲတာမလုပ်တော့ဘူး ဆိုရင် စစ်ရာထူး စွန့်တာဟာ  အမှန်တကယ် စွန့်တယ်လို့ ဆိုနို်င်ပေမယ့် အဲလိုမဟုတ်ပဲ ယခုအခြေအနေအတိုင်း စစ်တပ်ရဲ့ နေ့စဉ်ကိစ္စအ၀၀ကို စီမံကွပ်ကဲနေဦးမယ်ဆိုရင်တော့ ရုပ်ပြ ရာထူးစွန့်ခြင်းလို့ပဲ ခေါ်ရမယ်လို့လည်း ဝေဘန်ပြောဆိုကြပါတယ်။
           အရေးကြီးတဲ့ သတိပြုစရာ အချက်တစ်ချက်ကတော့ လက်ရှိ ဒုတိယဗိုလ်ချုပ်ကြီးတွေ ဖြစ်ကြတဲ့ သာအေး၊ အုန်းမြင့်၊ ခင်ဇော်၊ ရဲမြင့်၊ မြင့်ဆွေ အစရှိတဲ့ စီနီယာ ဗိုလ်ချုပ်တွေကို ကာကွယ်ရေး ဦးစီးချုပ်၊ ဒုကာကွယ်ရေး ဦးစီးချုပ်ရာထူး မခန့်အပ်ပဲ သူတို့ထက် ဂျူနီယာကျတဲ့ သူရမြင့်အောင်ကို ခန့်အပ်တဲ့ အချက်ဟာ ဗိုလ်ချူပ်မှူးကြီးသန်းရွှေက နောက်တက်မယ့် ကာကွယ်ရေး ဦးစီးချုပ်ကို သြဇာလွှမ်းမိုးနိုင်ဖို့ ၊ချုပ်ကိုင်ဖို့ ရည်ရွယ်ချက်ရှိပုံရတယ်လို့ အကဲခတ်သူ တစ်ဦးက သုံးသပ်ပါတယ်။
          ယခု ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်ဟာ ၂၀၀၅ ခုနှစ်မှာ မော်လမြိုင် အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌါနချုပ်မှ စတင်ပြီး စစ်တိုင်းမှူးရာထူး စတင်ရရှိကာ နောက်ပိုင်း ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌါနချုပ်တိုင်းမှူး အဖြစ်ပြောင်းရွှေ့ခံရပြီး အဲဒီနောက် နေပြည်တော် ကာကွယ်ရေး ၀န်ကြီးဌါန စစ်ရေးချုပ်အဖြစ် ရာထူးတိုးပေးတာ ခံခဲ့ရသူပါ။ သူဟာ မွန်ပြည်နယ် သထုံမြို့ ဇာတိဖြစ်တယ်လို့လည်း သိရပါတယ်။
               (Photos – Daylife – Thaw Shwe, Maung Aye saw Thein Sein Off at the airport – file photo)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts