>SPDC ministers on moving

>

စစ်အစိုးရ ၀န်ကြီးများ အိမ်ပြောင်းရွှေ့နေပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၂၆၊ ၂၀၁၀ ဧပြီလတွင် AP သတင်းဌာနက ဖြန့်ဝေသော ဓာတ်ပုံထဲမှ ၀န်ကြီးများ။
စစ်တပ်မှ တရက်တည်း အတူတူထွက်၊ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များ အဖြစ် တချိန်တည်း တာဝန်ပေးခံရသည့် ထိုဝန်ကြီးများသည် ယခုအခါ အိမ် အပြောင်းအရွှေ့အတွက် တပြိုင်တည်း အလုပ် များနေကြပြန်သည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် နှင့် တခြား ၀န်ကြီးများ ရာထူး စွန့်ပြီး အိမ်စောင့် အစိုးရ ပေါ်ပေါက်လာမည် ဟု သတင်းထွက်နေစဉ်တွင် ထိုဝန်ကြီးများသည် ၎င်းတို့ နေထိုင်ရာ အိမ်များမှ ယခု ရက်ပိုင်းအတွင်း အလျင်စလို ပြောင်းရွှေ့နေကြသည်ဟု နေပြည်တော်မှ လာသော သတင်းများက ဆိုသည်။

ထိုဝန်ကြီးတို့နှင့် နီးစပ်သူ အမည် မဖော်လိုသည့် လုပ်ငန်းရှင်ကြီး တစ်ဦးက ထိုသတင်းမှန်ကန်ကြောင်း အတည်ပြု ပြောဆိုသည်။

လက်ရှိ ၀န်ကြီးများ ကြံ့ဖွံ့ ပါတီ အတွက် တရားဝင် မဲဆွယ် စည်းရုံးရေး မတိုင်မီတွင် ရာထူး စွန့်လွှတ်ပြီး အိမ်စောင့် အစိုးရ အဖြစ် ဖွဲ့စည်းမည့် ၀န်ကြီးများ အတွက် နေစရာအိမ်ကို အဆင်သင့် ဖယ်ရှားပေးထားသည့် သဘောဖြစ်သ ည်ဟုလည်း သူက ပြောသည်။

စစ်အစိုးရက နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲတွင် ၎င်းတို့၏ ပါတီဖြစ်သည့် ကြံ့ဖွံ့က အပြတ် အသတ် အနိုင်ရအောင် ကြိုးပမ်းသည့် တပြိုင်နက်ထဲတွင် အခြား အရပ်သား ပါတီများအား နည်းဥပဒေ မျိုးစုံ ထုတ်ပြီး ကန့်သတ် ချုပ်ချယ်ခြင်း၊ ပါတီဝင်တို့၏ အချက်အလက်များအား ရဲ၊ အက်စ်ဘီတို့က စုံစမ်း စစ်ဆေးခြင်းဖြင့် ကြောက်လန့်စေရန် လုပ်ဆောင်လျက်ရှိသည်ဟု ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးသမားတို့က ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts