>Free Hep B check for Burmese community in the SF Bay Area

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ဆန်ဖရန်ဘေးဧရိယာမြန်မာများအသည်းရောင် ‘ဘီ’ ပိုး ရှိမရှိ အခမဲ့ စစ်ဆေးပေးမည်

မိုးမခအထောက်တော် ၀၀၂
သြဂုတ် ၂၄၊ ၂၀၁၀
ရှေ့လာမယ့် တလကျော်၊ အောက်တိုဘာ ၉ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိကို ဒေလီစီးတီးမြို့၊ မြန်မာပွဲတော်တွေ လုပ်နေကျနေရာဖြစ်တဲ့ ဂျက်ဖာဆန်ယူနီယန် အထက်တန်းကျောင်းနေရာမှာ မြန်မာဆရာဝန်များအသင်း (မြောက်ပိုင်းကယ်လီဖိုးနီးယား) နဲ့ စတင်းဖို့တက္ကသိုလ်က Asian Liver Center (Stanford) ပူးပေါင်းပြီး အခမဲ့ စစ်ဆေးပေးမယ်လို့ ကြေညာချက် ထုတ်ထားပါတယ်။ လက်ကမ်းစာစောင်ကို အထက်ပါအတိုင်း ဖြန့်ဝေထားတာကို တွေ့ရပါတယ်။
အာရှသားတွေ အဖြစ်များဆုံး ကူးစက်ရောဂါအပြင်းစားက အသည်းရောင် ဘီပိုး ကြောင့် ဖြစ်တဲ့ ရောဂါ ဖြစ်ပါတယ်။ ကြိုတင်သိရှိလို့ရှိရင် ဆေးကုသဖို့၊ ကာကွယ်ဆေးထိုးဖို့ လုပ်နိုင်ပါတယ်။ ဒီအတွက် မြန်မာဆရာဝန်တွေက အထက်ပါအစီအစဉ်ကို စေတနာ့ဝန်ထမ်း ကမကထပြု လုပ်ကြတာ ဖြစ်ပြီး အားလုံးသောု မြန်မာပြည်ဖွား တိုင်းရင်းသာ လူမျိုး ဘာသာ မရွေးကို ဖိတ်ခေါ်လိုက်ပါတယ် လို့ မိုးမခရဲ့ မိတ်ဆွေ တဦးဖြစ်တဲ့ ဆေးပညာရှင် ဒေါက်တာတင်အောင်က ပြောပြပါတယ်။
အာရှသားတွေထဲမှာ မှုန်းလူမျိုးနွယ်စုတွေမှာ အဖြစ်များလွန်းလို့ အသေအပျောက်တွေ ရှိနေတဲ့ ရောဂါ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား တောင်ပိုင်း ဖရက်ဆနိုက မှုန်းလူမျိုးတွေမှာ ကူးစက်မှုများတယ်လို့ သတင်းများမှာ ဆိုပါတယ်။ ရိုးရာအယူသီးမှုတွေကြောင့် သွေးစစ်တာ၊ သွေးလှူတာတွေကို မလုပ်ကြတဲ့၊ မလုပ်ချင်တဲ့အတွက် ဘီပိုးကူးစက်ပြီး နောက်ကျမှ သိကြလို့ ပျက်စီးကြတယ်လို့ ရေဒီယိုတွေမှာ အမြဲတမ်း အသိပေးပြောဆိုနေရတဲ့အကြောင်း ကြားဖူးတယ်လို့ မိုးမခစာဖတ်သူ တယောက်က ပြောပါတယ်။
အခုအစီအစဉ်က စတင်းဖို့တက္ကသိုလ်ကြီးက အာရှအသည်းဌာနက ကူညီမှုတွေ ပေးတယ်။ အဲသည်က ထောက်ပံ့မှုနဲ့ ရောဂါပိုး ရှိမရှိ စစ်ဆေးပေးမယ်။ ရောဂါပိုး ရှိနေရင် ဘယ်လို ကုသမှု ခံယူရမယ်။ မတတ်နိုင်သူတွေအတွက် အခမဲ့ ကုသမှုတွေ ဘယ်လိုမျိုး ရနိုင်တယ်၊ ရောဂါပိုး မရှိရင် ဘယ်လို ကြိုတင်ကာကွယ်ဆေး ထိုးကြမလဲ ဆိုတာတွေ ရှင်းပြမယ်၊ ဆောင်ရွက်ပေးမယ် လို့ ဒေါက်တာတင်အောင်က ဖြေကြားပါတယ်။
အမေရိကန်ပြည်မှာ တတ်နိုင်သူတွေက ဆေးကုသဖို့ ကျန်းမာရေးအာမခံထားကြပါတယ်။ အဲသည်အာမခံစနစ်က အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေကို ပေးပါတယ်၊ ခံယူနိုင်ပါတယ်။ ကျန်းမာရေးအာမခံ ရှိသူကော၊ မရှိသူတွေပါ အခုလိုမျိုး အစီအစဉ်ကို တက်ရောက်သင့်တယ်လို့ ထင်မြင်ချက် ပေးလိုပါတယ်။ ရရှိတဲ့ ရန်ပုံငွေ အထောက်အကူက အကန့်အသတ်ရှိတဲ့ အတွက် အခမဲ့ စစ်ဆေးခံရမယ့် လူဦးရေကို ကန့်သတ်ထားပါတယ်။ စောစော ဆက်သွယ်မှ တော်ကာကျမယ်လို့ ပြောချင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts