>Kawliya Tin Myaing Soe – Kitty


>

လက်သည်းခြစ်ရာ
ကောလိယ တင်မြိုင်စိုး
သြဂုတ် ၂၀၊၂၀၁၀

အခန်း(၁)

သစ်ရွက်တွေက လေထဲမှာ ဝဲပျံနေတယ်။ ငှက်တွေကလည်း ပေါ့ပါးနေလိုက်တာ … သစ်ရွက်တွေလိုပဲ။ တေးတွေဆိုပြီး သော့ခတ်ခံရခြင်းမရှိတဲ့ ရှင်သန်မှုနဲ့ ဘဝရဲ့လွတ်လပ်မှုကို ပိုင်ပိုင်နိုင်နိုင်ကြီး အသုံးချနေလိုက် ကြတာ …။ ဒီအချိန်မှာပဲ ငှက်တွေရဲ့လွတ်လပ်မှုကို ခုန်အုပ်ဖို့ချောင်းနေတဲ့ ကျွန်တော်တို့တိုက်ရဲ့ အချစ်တော်လေး ဖိုးရှုပ်ကတော့ တကယ့် မုဆိုးဟန်နဲ့ ငှက်ကို ချောင်းနေတယ် … …။

“ဟေ့ကောင် ဖိုးရှုပ်၊ မင်း မစွံပါဘူးကွာ”

ကျွန်တော် သူ့ကို လှမ်းအော်လိုက်တော့ တချက်ပြန်ကြည့်ပြီး သူ့မျက်လုံးနဲ့ အာရုံက မူလနေရာဆီပဲ ပြန်နှစ် ထားလိုက်တယ်။ ဒီအချိန်မှာပဲ အခန်းထဲက အသံတသံက ဖိုးရှုပ်ရဲ့အာရုံတွေကို နေရာပြောင်းသွားစေတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts