>Burmese Literary Talk to be held in Singapore 2nd Annual Event

>

စင်္ကာပူမှာ ဒုတိယအကြိမ် စာပေဟောပြောဦးမည်
မိုးမခအထောက်တော် စင်္ကာပူ
သြဂုတ် ၂၀၊ ၂၀၁၀
          လယ်တွင်းသားစောချစ်က “ဘ၀မှ စာ၊ စာမှ ဘ၀”၊ မောင်စိန်ဝင်း (ပုတီးကုန်း)က “သုတရသ စာပေ” နဲ့ ကာတွန်းအော်ပီကျယ်က “ဒို့ဗမာတွေ ပျော်ပါစေ” ဆိုသည့် ခေါင်းစဉ်များနှင့် စင်္ကာပူရောက် မြန်မာစာပေမြတ်နိုးသူများ၏ ကြိုးပမ်းမှု – ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲကို စက်တင်ဘာ ၂၆ ရက်နေ့ Kreta Ayer Theator (China Town) တွင် နေ့ခင်း ၂ နာရီက ည ၁၀ နာရီအထိ ကျင်းပကြမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။
          လက်မှတ်တစောင်ကို စင်္ကာပူ ၁၅ ဒေါ်လာနဲ့ အားပေးကြပါက ဒန်ပေါက်ညစာနဲ့ လက်ဆောင်အိတ်တခုကို လက်ဆောင်ပြန်ပေးမယ်လို့ ဆိုပါတယ်။ ဘ၀အမောတွေ အလုပ်အမောတွေ ပြေပျောက်စေမယ့် သမုဒယကဗျာ၊ အနုအလှစာတွေနဲ့ စာချစ်သူ ပရိသတ်ရင်ကို ကိုင်လှုပ်မယ်လို့လည်း ကြွေးကြော်ထားတဲ့ ပွဲလို့ သိရပါတယ်။
          ငွေကြေး အင်အားတောင့်တင်းတဲ့ ကူညီပံ့ပိုးမှုတွေ၊ အားပေးမှုတွေနဲ့ ဆောင်ရွက်တဲ့ စာပေဟောပြောပွဲလို့ ပြောနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အဓိက မတည်ပေးကြသူ လုပ်ငန်းရှင်တွေအဖြစ် – Myanmar Airway International, Jaj Restaurant, Myanmar Club နဲ့ Future Foundation တွေအပြင် အခြား ပူးတွဲ ကမကထပြုကြသူ ၁၃ ဦး ပါဝင်လို့ ပါပဲ။ ဒီစာပေဟောပြောပွဲကို ဖြစ်မြောက်အောင် နှိုးဆော်၊ စည်းရုံး လှုံဆော်ပေးသူကတော့ ယခင်နှစ် ပထမအကြိမ်ကတည်းက ဆောင်ရွက်ခဲ့ကြတဲ့ သဇင် Success မဂ္ဂဇင်းအဖွဲ့ နဲ့ သပြေနု (ဒေါ်သန်းသန်းနု) တို့ ဖြစ်တယ် လို့ သိရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts