>Ein Thi (Tharawaddy) – 88 Poem

>

အရင်းအနှီး
အိမ်သီ (သာယာဝတီ)
သြဂုတ် ၈၊ ၂၀၁၀

သူတို့ 
အမှောင်ထုထဲက
အလင်းညတွေကို ကျော်ဖြတ်ရင်း
ဘဝရဲ့ ပုံစံတူ နေ့ရက်တွေထဲ
ကြောက်စရာကောင်းလောက်အောင်
မကြောက်တတ်ကြတော့ဘူး
အဲဒါ
မြတ်သောပေးဆပ်ခြင်းရဲ့
ပထမမြောက် သတ္တိ …..

သူတို့ 
သိက္ခာရှိတဲ့ဘဝမှာ
သိက္ခာရှိတဲ့ ခံယူချက်တွေနဲ့ 
အဖြူရောင် လက်ခုပ်သံတွေကြား
အခမ်းနားဆုံး ခမ်းနားနေကြတယ်
အဲဒါ
မြတ်သောပေးဆပ်ခြင်းရဲ့
ဒုတိယမြောက် ဂုဏ်

သူတို့ရဲ့
အရိုးစင်းဆုံး ရိုးသားမှုတွေက
အရောင် မရှိ
အရင်းနှီးဆုံး သွေးသားတွေအတွက်
ဖြေစရာ မရှိ
အနွေးထွေးဆုံး နှလုံးသားတွေအတွက်
ဝေဒနာ အတိ
အဲဒါ
မြတ်သောပေးဆပ်ခြင်းရဲ့
တတိယမြောက် သမာဓိ

“‘——–‘ ရဲဘော်တို့ 
မြတ်သောပေးဆပ်ခြင်းတွေနဲ့
၈၈ ကာလ မှသည်
၂၂ တိုင်သည့် အထိ
အမှန်တရား အတွက်
ပခုံးထမ်း သယ်ပိုးရင်း
ထိုထိုသော စွန့်လွှတ်မှုတို့အား

လေးစားစွာ
အလေးပြုလျှက် —- —–“

(မင်းကိုနိုင်နှင့်တကွ ၈၈ မျိုးဆက်များအတွက်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts