>Phyo Ko Ko Oo, Bo Bo and Ma Sein Too – victims of human smuggler , Ko Win Than & Maung Sein Too – victims of forced soldiers

>

ဦးအေးမြင့် (လမ်းပြကြယ်) အဖွဲ့က လူကုန်ကူးခံရသူနှင့် စစ်သားအဖြစ် အဓမ္မခေါ်ဆောင်ခံရသူတို့ စာရင်းထုတ်ပြန် (မောင်ဖြိုးကိုကိုဦး၊ မောင်ကျော်ဘိုဘို၊ မစိန်တူး၊ မောင်စိန်တူး နဲ့ ကိုဝင်းသန်း)

မိုးမခ၊ (ဦးအေးမြင့် (လမ်းပြကြယ်) မှတဆင့်)
သြဂုတ် ၆၊ ၂၀၁၀
ယမန်နေ့များက လက်ခံရရှိချက်အရ အဆိုပါ ပုဂ္ဂိုလ်တို့၏ ဖြစ်စဉ်များကို သက်ဆိုင်ရာထံ တင်ပြထားသည့် အချက်အလက်မှတ်တမ်းများကို တွေ့ရှိရသည်။ နယ်စပ်တွင် လူကုန်ကူးခံရသူ ၃ ဦးမှာ ကိုဖြိုးကိုကိုဦး၊ ကိုကျော်ဘိုဘို နှင့် မစိန်တူး တို့ဖြစ်ပြီး စစ်သားအဖြစ် အဓမ္မခေါ်ဆောင်ခြင်းခံရသူတို့မှာ မောင်စိန်တူး နှင့် ကိုဝင်းသန်းတို့ ဖြစ်သည်။
ထိုမှတ်တမ်းများကို ဦးအေးမြင့် (လမ်းပြကြယ်) ဘလောဂ့်နှင့် စကရစ်ဘ် ဆိုက်တို့တွင် တင်ဆက်ထားသည်။ ထိုဝက်ဆိုက်များကို မြန်မာပြည်ပြင်ပက စေတနာဝန်ထမ်းတို့က စုဆောင်းပေးခြင်း ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts