Uncategorized

Ko Yazar – Essay

ဦးဝင်းတင်နဲ့နေထိုင်ခြင်း
ကိုရာဇာ
ဇွန် ၁၀၊ ၂၀၁၃


• ဦးဝင်းတင်နဲ့ဘ၀ဆိုတာမျှဝေခြင်း

တလောတုန်းကမင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူ ဖြူသင်းကကျောင်းအပ်ရာသီအမှီ သူ့ရဲ့မဲဆန္ဒနယ်က ကလေးငယ်တွေကို ကျောင်းမဖွင့်ခင်ကျောင်း သားလေးတွေအတွက်လိုအပ်တဲ့အကျီ င်္၊ထီး၊ ဖိနပ်၊စာအုပ်အစရှိသဖြင့် လိုအပ်တာလေးတွေလှူမယ် ဆိုပြီးမြို့နယ် ရပ်/ကျေးအစရှိတာတွေအစည်းအဝေးခေါ်ပြီး စာရင်းကောက်ခိုင်းတယ်ဗျ။

ကျနော်တို့မဟာပါတီဝင်များကလည်း အလုပ်မလုပ်ချင်တော့အကြောင်းအမျိုးမျိုးပြပြီး အစုံ စေ့လိုက်မလုပ်ပဲနီးစပ်ရာရာ ဆိုတဲ့စာရင်းတင်ပြမလိုချင်ကြတဲ့ပုံတောင်ပြသဗျာ။ကျန်တဲ့လူကျန်ကုန် တာပေါ့။တကယ်ပေးတဲ့နေ့လည်းရောက်ကရော ပေးတာတွေများလှချည့် ငါတို့တော့သိတောင်မသိ ဘူးဆိုပြီး နောက်တိုးတွေထပ်တင်ချင်တယ်ဖြစ်ပြန်ရော။ မရတော့ဘူးကွယ်တို့အယင်စာရင်းဟောင်း တောင် ယောာင်တောင်တောင်တွေပါနေလို့မနည်းရှင်းနေရသေး။ဆိုတော့ကိုယ်တော်ချောများ အမျိုး ကောင်းသမီးများကဘာပြောသလည်းဆိုတော့ဒီတိုင်းဆို ၂၀၁၅မှာစည်းရုံးဖို့မလွယ်တော့ဘူးတဲ့။

ကျနော်စိတ်ဆိုးတယ်ဗျာ။စိတ်ဆိုးရာကနေစိတ်မကောင်းဖြစ်မိတယ်။ဘယ့်နှယ် ဘယ့်နှယ့် လိုအပ်တာကူညီပါတယ်ဆိုမှ မဲပြားပြေးမြင်စည်းရုံးရသလား။ဒါ NLD မဟုတ်ဘူး။ကျနော်ငြင်းပယ် တယ်။ကျနော်ရှင်းတယ်။ “ဒေါ်ဖြူဖြူသင်းတတိုင်းပြည်လုံးက HIV လူမမာကိစ္စလုပ်နေတာ ဆယ်စု နှစ်အတော်လေးကျော်လာနေတာစည်းရုံးနေတာမဟုတ်ဘူးခင်ဗျ အကူညီလိုအပ်နေတဲ့လူကိုကူညီ တာ” ဒီလိုစိတ်ထားခပ်များများထားကြပါစို့လား။

ကျနော်တို့ပဂေးကြီးဘဘဦးဝင်းတင်ကအကျဉ်းကျတွေရော မကျတွေရော အကျဉ်းလွတ် တွေကိုရောကူညီနေတာ စည်းရုံးနေတာမဟုတ်ဘူး။သူလုပ်စရာရှိတာလုပ်ပေးနေတာ။ဒါနဲ့ဆက်စပ် လို့အဘရဲ့အတွေးအခေါ်တစ်ခုကိုကျနော်ပြောချင်တယ်ဗျာ။အခုလက်ရှိနေတဲ့ကျောက်ကုန်းကအိမ် မှာပဲဒီအယူအဆကိုကြားဖူးရတာဗျာ။သူ့အယူအဆကိုယ့်အယူအဆတွေရှိကြပေမယ့် ဘ၀နေနည်း ကျတော့တစ်မျိုးတစ်ဘာသာဖြစ်ကြလိမ့်မယ်ထင်တယ်။သူများအပေါ်ရက်ရောတာ၊လှူတာဒါန်းတာ၊ ကပ်စေးနည်းတာတွန့်တိုတာအစရှိတာတွေကလူတိုင်းနဲ့သက်ဆိုင်နေသလို လူတိုင်းမှာလည်းဒီလို လုပ်ရတဲ့ရည်ရွယ်ချက်ဆိုတာတွေ၊ ဆင်ခြေဆိုတာတွေရှိသဗျ။ဖလော်ဆော်ဖီတစ်ခုအနေနဲ့ နေထိုင် ပေးကမ်းတာမျိုးတော့ရှားလိမ့်မယ်ထင်ပါရဲ့။အဘရဲ့အယူအဆကလည်းအသစ်တော့မဟုတ်ပေမယ့် သူ့နည်းသူ့ဟန်နဲကောင်းတယ်ထင်လို့ကျနော်ကထပ်ဆင့်မျှဝေပေးတာပါ။

“Life is Sharing’’ ………………

 “ဟေ့ယောင်ရာဇာ ငါကတော့ဘ၀ဆိုတာမျှဝေခြင်းဆိုတာကို အပြည့်အ၀ငါလက်ခံတယ်ကွ အခုငါနေစရာမရှိဘူး ဆိုလိုတာကအိုးပိုင် အိမ်ပိုင်မရှိဘူး ဒါပေမယ့်ငါနေလို့ရတယ်ငါ့မှာဝင်ငွေမရှိဘူး ဒါပေမယ့်ငါသုံးနေနိုင်တယ် အဲ့ဒါကဘာလည်းဆိုတော့ အယင်ကတည်းကငါစာပေဗိမာန်မှာလုပ်တယ် အေအက်ဖ်ပီမှာလုပ်တယ် ငါ့ဝင်ငွေဟာကိုးရာနီးနီးလောက်ရှိတယ် ရွှေတစ်ကျပ်သားတစ်ရာ့ငါးဆယ် ခေတ်မှာ ငါ့ဝင်ငွေဟာကိုးရာနော် ဒါပေမယ့်ငါ့မှာမရှိဘူး ငါ့အိမ်သော့ရှစ်ချောင်းရှိတယ် ငွေတွေကို ခေါင်းအုံးအောက်မှာထားတယ်လာတဲ့လူ လိုသမျှယူပဲ အဲ့သလိုငါပေးခဲ့လို့ အခုငါ့ကိုလူတွေပြန်ပေး နေကြတယ်လို့ငါတော့ထင်တာပဲ သိပ်တော့မသိဘူးကွာ ဥပမာ မင်းကငါ့ကိုပေးလိုက်လို့ ငါ့ဆီကပြန် ရမယ်တော့မမျှော်လင့်ကောင်းဘူးပေါ့ တခြားတစ်ယောက်ကမင်းကိုပြန်ပေးရင်ပေးမှာပေါ့ဒီသဘောကို ပြောတာပါ” တဲ့။

ကျနော်ဒီအယူအဆကိုသဘောကျတယ်ဗျ။ကျစရာလည်းကောင်းတယ်လို့ထင်တယ် နို့မဟုတ်ရင်လူ့ဘောင်လောက နေစ ရာမကောင်းလှတော့ဘူးထင်တယ်ဗျာ။ တစ်ခုပေးလို့တစ်ခုယူ မယ်ဆိုရင် တစ်ခုခုလုပ်ပေးတာတစ်ခုခုအတွက်လို့ဆိုရင် လောကကြီးမလှတော့မှာစိုးတာပါ။ အခုတောင်အတော်လေးအခြေနေဆိုးနေပါပကော။ပရဆိုတာပျောက်သွားရင်အတ္တခပ်များများ ဖြစ်လာမယ်ထင်တာပဲဗျာ။ဒီတော့ကျနော်ကတော့အဘရဲ့ “ဘ၀ဆိုတာမျှဝေခြင်းဆိုတဲ့” ဖလော် ဆော်ဖီခေါ်ခေါ်တွေးခေါ်ကျင့်ကြံမျှော်မြင် နေထိုင်ခြင်းခေါ်ခေါ်အယူအဆတစ်ရပ်ဆိုဆို ဒီဟာလေး ကိုထပ်ဆင့်မျှဝေပါတယ်ဗျာ။ပြောစရာရှိတာတွေထပ်ပြောကြသေးတာပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts