>SPDC’s next step

>

“တမျိုး ပြောင်းလိုက်ကြဦးစို့ရဲ့ ”
မုန်းအောင်
သြဂုတ် ၃၊ ၂၀၁၀


အင်တာနက် သတင်းတွေ မှာ ၀န်ကြီးချုပ် ဦးသိန်းစိန်ရဲ့  ၀န်ကြီး အဖွဲ့ကို ဖျက် ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့် ဆွေ ၀န်ကြီးချုပ် လုပ်မယ့် ၀န်ကြီးအဖွဲ့သစ် တခု ပေါ်လာဦးမယ် ဆိုတဲ့ သတင်းတွေ ပေါ်လာတယ်။ ဒါဟာ ဖြစ်နိုင်တယ်။ အတော် ဖြစ်နိုင်ချေ ရှိတယ်။ အတွင်း သတင်းတွေ ရလို့ ပြောတာ မဟုတ်ပါဘူး။ ဒီလို ဒီလို အကြောင်းကြောင်းတွေ ကြောင့်ပါ။

၁။

ဗိုလ်ချုပ်ကြီး သိန်းစိန်က နေ ချက်ချင်း ဦးသိန်းစိန် ဖြစ်။ နောက်တနေ့ မှာဘဲ ဦးသိန်းစိန် ပါ (၂၄) ဦးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ ကြံ့ ခိုင်ရေး နဲ့ ဖွံ့ ဖြိုးရေးပါတီ တည်ထောင်ခွင့် တင်။ နောက်တနေ့က စ ပြီး ဦးသိန်းစိန်က ၀န်ကြီးချုပ် အနေနဲ့ မဲဆွယ် တရား ဟောတာတွေ လုပ်တော့ တော်တော်ပွဲဆူသွားတယ်။ ၀န်ထမ်း ပါတီ မထောင် ရ သို့မဟုတ် ပါတီမှာ ၀န်ထမ်းတွေ မပါရ။ ဆို ပြီး ၀န်ကြီးချုပ် ဆိုတဲ့ နိုင်ငံ့  ၀န်ထမ်းကြီးက ဒီလို လုပ် နေ တာ ကောင်းရဲ့  လား ပေါ့။ မှတ်ပုံတင် ထားတဲ့ ပါတီတွေကလည်း မရဲ တရဲ ပြော ဆို ကြ။ အ မျိုးသား ဒီမိုကရေစီ အင်အား စုက — ကော့ကရိတ် ဦးသိန်းညွ န့် ကလည်း ၀န်ထမ်း ဆိုတာကို ဥပဒေ ကြောင်း အရ ရှင်းလင်း ပြီး ၀န်ကြီးချုပ် ဦးသိန်းစိန် တို့ ဦးဌေးဦးတို့ ဦးမောင်ဦးတို့ ဦးကျော်ဆန်း တို့တွေဟာ ၀န်ထမ်းတွေပဲလို့ ထောက် ပြ ပြီး နိုင်ငံရေး ပါတီ ထောင်ခွင့်မရှိဘူးလို့ ပြောပါတယ်။

ကြံ့ ခိုင်ဖွံ့ ဖြိုး ရေး ပါတီက တာဝန်ရှိသူကလည်း ၀န်ကြီးချုပ် တို့ ၀န်ကြီး တို့ ဒုဝန်ကြီး တို့ ဆိုတာ နိုင်ငံ့  ၀န်ထမ်း မဟုတ်ဘူး။ နိုင်ငံရေး တာဝန် များကို ထမ်းဆောင် နေ တာသာ ဖြစ်တယ်။ ညွှန် ကြား ရေး မှူး အဆင့်က စလို့ ၀န် ထမ်း လို့ ခေါ် နိုင်တယ်။ နိုင်ငံ တကာ မှာလည်း ဒီလိုပဲ ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေဟာ သက်ဆိုင်ရာ ပါတီတွေ မှာ ပါ ကြ တာပဲ၊ ဦးဆောင် ကြတာပဲ လို့ ပြန် ဆွေးနွေး ကြ ပြန်တယ်။ သူ့ဟာ နဲ့  သူကတော့ ဟုတ်နေသလို။ ဒါ ပေမယ့် ဘ၀င်တော့ မကျလှဘူး။ ဒီအထဲ မှာ ၀ါရင့် နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက – ၀န်ကြီးချုပ် ဦးသိန်းစိန်က ကြံ့  ဖွတ် ပါတီ ခေါင်းဆောင် ဆို တော့ ကျန်တဲ့ ပါတီတွေထက် တပန်း သာ နေ တာ ပေါ့။ကျန်တဲ့ ပါတီတွေက ဘာမှတောင် မလုပ်ရသေးဘူး (လုပတဲ့ ပါတီ အချို့  လည်း အတား ခံ နေ ရတယ်)
ဦးသိန်းစိန်က တော့ ၀န်ကြီးချုပ် အနေ နဲ့ နယ်လှည့် မဲ ဆွယ် နေတယ်။ သူတို့ အစိုးရ ရဲ့  လူထု အကျိုး ပြု လုပ် ငန်းတွေကို နိုင်ငံပိုင် သတင်းစာတွေ မှာ မျက်နှာဖုံးက ဖော်ပြနေတယ် ဆိုတော့ တရား မျှတတဲ့ ရွေး ကောက်ပွဲ ဖြစ် ဖို့ တော့ စဉ်းစား ရ ခက်တယ်´ လို့ ပြောလာပြန်တယ်။

ဒီ့ ပြင် ဟိုတုန်းက ( မ ဆလ) တဖြစ် လဲ (တ စ ည) ပါ တီ ရဲ့  ခေါင်း ဆောင် ဦးချစ်လှိုင်က လည်း လက်ရှိ ၀န်ကြီးချုပ်က ပါတီ တခု ထောင် ထားတာတော့ သိပ် မကောင်း လှဘူးပေါ့ဗျာ လို့ ပြောလာ ပြန်တယ်။ ဒီတော့ လုပ်နေ ရတဲ့ ဦးသိန်းစိန် တို့ လည်း နဲနဲ တော့ မျက်နှာ မပူ တောင် နွေး တေး တေး တော့ဖြစ် ကြ မပေါ့ ။ ဗမာ့  ယဉ်ကျေး မှု အရ လည်း ဥပဒေ ပြဌာန်း မထား ပေမယ့် မလုပ် ကောင်းတဲ့ အရာတွေက ခပ်များများ မဟုတ်လား။

ဒါပေမယ့်  လည်း စေသည့်ကန် ထွန်သည့် နွားပဲလေ။ လုပ် ဆို တော့လည်း လုပ် နေရ တာ ပေါ့။

၂။

ရှေ့  တဆင့် လှမ်း ကြ ရ တော့မယ်။
ရွေးကောက်ပွဲ ရက်ကတော့ မကြေ ညာနိုင် သေးဘူး။ ရက် ကြေညာ ပြီး ရင်တော့ မဲဆန္ဒ နယ် အသီးသီး အတွက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်း ဒေသကြီး (သို့ မဟုတ်) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လောင်း များ အမည် စာရင်း တင် သွင်း ရမယ့်  နေ့တွေ အချိန်တွေ ကြေညာရတော့မယ်။

ပါတီ အသီးသီးကလည်း လွှတ်တော် အဆင့်ဆင့် အတွက် ကိုယ်စားလှယ်လောင်း စာရင်းတွေ တင်သွင်း ရတော့မယ်။ ဘယ်သူတွေကို တင်သွင်းရမလဲ။ တင်သွင်းနိုင်မလဲ။

လွှတ်တော် ၃ မျိုး ရဲ့  ဥပဒေ ၃ မျိုး စ လုံး မှာ [အခန်း (၅) ရွေးကောက် တင်မြှောက် ခံ ပိုင် ခွင့် ရှိသူ များ နှင့် ဆက်လက် ရပ်တည် ပိုင် ခွင့် မရှိ သူ များ ပုဒ် မ (၁၀) အောက်ပါ ပုဂ္ဂိုလ်များသည် ရွေး ကောက် တင် မြှောက် ခံ ပိုင် ခွင့် မရှိစေ ရ။] ဆို တာ ရဲ့  အောက် မှာ ရှိတဲ့ အပိုဒ်ခွဲတွေ ထဲ မှာ အပိုဒ် (ဋ) နိုင်ငံ ၀န်ထမ်း တဲ့။ လာပြန် ပါ ပြီ။ အရွေးခံ ပိုင် ခွင့် မရှိ သူ များ ထဲ မှာ “နိုင်ငံ့  ၀န်ထမ်း ပါ နေ ပြန် ပါ ပြီ။

ဒီတခါ တော့ အရင် ပါ တီ တည် ထောင် ခွင့် တုန်းက ကိုးကား ခဲ့တဲ့ “နိုင်ငံရေး ပါတီ များ မှတ်ပုံတင်ခြင်း ဥပဒေ” မှာ လို “နိုင် ငံ ၀န် ထမ်း” စကားရပ် အ တွက် အထူး ဖော်ပြ ချက် မ ပါ လို့ ဟို လို လို ဒီလိုလို၊ ဟိုဖက်က တမျိုး ဒီဖက်က တမျိုး ပြောစရာ မလိုတော့ပါဘူး။ `နိုင်ငံ့  ၀န်ထမ်း ´ ဆိုတဲ့ စာ ကြောင်း အောက်က `ခြွင်း ချက် ´က ဒီလို ဆိုပါတယ်။

“ယင်း စကား ရပ်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့ စည်းသော လွှတ်တော်များတွင် ရွေးချယ် ခန့်အပ်ခြင်း ခံ ရ သော တပ် မတော်သား လွှတ်တော်ကိုယ်စားလှယ်များ နှင့် လည်းကောင်း၊ လွှတ်တော်များ ရှိ အ ဖွဲ့အစည်း များ တွင် ရွေး ချယ် ခန့်အပ်ခြင်း ခံရသည့် နိုင်ငံ့  ၀န်ထမ်းများ နှင့် လည်းကောင်း မသက် ဆိုင် စေရ

ဦးသိန်းစိန် လည်း ဘယ်လွှတ် တော် အဖွဲ့အစည်း က မှ ခန့်အပ် ခံ ရတဲ့ ၀န်ကြီးချုပ် မဟုတ်။ ထို့ နည်း တူ စွာ ဦးအောင်သောင်း၊ ဦးမောင် ဦး၊ ဦးကျော် ဆန်း တို့ လည်း ဘယ် လွှတ်တော်က မှ ခန့် အပ် ခံ ရတဲ့ ၀န်ကြီးများ မဟုတ်ပေဘူး။ ဗိုလ်ချုပ်မှူးကြီးကသာ ခန့် အပ်တဲ့ ၀န်ထမ်းများ ဖြစ် တာကြောင့် မို့ လို့ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ တိုင်း ဒေသကြီး (သို့) ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ သုံး မျိုး စ လုံး မှာ ပါတဲ့ အ ခန်း (၅) ဥပဒေ ပုဒ် မ (၉)။ ပုဒ် မခွဲ (ဋ) ရဲ့  ခြွင်း ချက်ကို ခံ စား ခွင့် မရနိုင် တော့ ပါဘူး။

ဒီ တော့မှ ယူ နီ ဖောင်းတွေ ချွတ်။ အရပ်ဝတ် နဲ့ ဘဲ ၀န်ကြီး ချုပ်၊ ၀န်ကြီး၊ ဒု ၀န်ကြီး ဘ၀နဲ့ ပါတီ ထောင်ပြီး` တို့ကို မဲ ပေး ကြ ´ လို့ မဲ ဆွယ် ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီး များ ခမျာ ပြည်သူ့ ကိုယ်စားလှယ်လောင်း ( အမတ် လောင်း ) တောင် ဖြစ် ခွင့်မရတဲ့ ဘ၀ ကြုံ ကြ ရ တော့မှာပါ လား။ ဘယ့်နှယ် လုပ် ရ ပါ့ ။

၃။

အခုမှတော့ ဒီ ရွေးကောက်ပွဲ ဥပဒေတွေကို ထုတ်ပြန် လိုက်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ဒီလို မလွတ် မကျွတ် ရေး ရပါ့မလား လို့ အပြစ်တင် မနေနဲ့ တော့။

သူတို့ ခမျာ လည်း ၂၀၁၀ ပြည့် နှစ် မတ် လ (၁၁) ရက်နေ့ ဖွဲ့ စည်းပြီး မတ်လ (၁၇) ရက် နေ့မှာ နိုင်ငံရေး ပါတီ များ မှတ်ပုံတင် ဥပဒေ၊ ရွေး ကောက်ပွဲ ဥပဒေတွေကို (၇) ရက် အတွင်း ကြေ ညာ ရတာ။ ကိုယ် တိုင် လည်း ရေးချိန် မရ လောက် ပါဘူး။ သူများ ရေး ပြီး သား ကောက် ကြေညာ ရ တာ နေ မှာ။

တချို့  ကော်မရှင် အဖွဲ့ဝင်တွေ ဟာ မတ် လ(၁၀ ) ရက် နေ့ အထိ ရန်ကုန် မှာ ဌာနကြီး တခု ရဲ့  ညွှန်ကြားရေး မှူး ဘ ၀ကနေ အရှင် လတ် လတ် ` နေပြည် တော်လာ ခဲ့´့ ဆိုပြီး ဘာမှန်းညာမှန်း မသိ ကော်မရှင် အဖွဲ့ဝင် ဖြစ်သွားခဲ့ရတာ ဒီလောက်တော့ ရှိမှာပေါ့။ သူတို့တောင် ကော် မရှင်ဖြစ်ပြီးမှ ၀န်ထမ်း လစာ ထုတ်ခဲ့ ကြရသေးတာ ( ကော် မရှင် ဥပဒေ ကတော့ လစာ၊ စရိတ်၊ ကြေး ငွေ ရ သော အခြား မည်သည့် ရာထူးကိုမျှ လက်ခံ ခြင်း မပြုသူ ဖြစ်ရ မည် လို့ ပါတော့ ပါ တာပေါ့ လေ။ )

၎။

ဒီတော့ ဘာမှ ပြောမနေနဲ့တော့။ အခု အတိုင်း တော့ မဖြစ် သေးဘူးဟေ့။ တ မျိုး ပြောင်းကြဦးမယ် ရွေး ကောက်ပွဲ ရက်တွေ မကြေညာနဲ့ဦး။ ကြား ဖြတ် အစိုး ရဖွဲ့ ကြဦးစို့ ရဲ့ ။ တကယ် ၀န်ကြီး လုပ်မယ့် သူတွေ မပါစေ နဲ့ဟ။ ဒါ့ ကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ၀န်ကြီးချုပ် လုပ်မယ့် ၀န်ကြီး အဖွဲ့ တဖွဲ့ ပြောင်း ဦးမယ် ဆိုတာ အလွန်ပဲ ဖြစ်နိုင်ချေ ရှိနေပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts