>Kan Htun Thit – Amei phja Htoun

>

အမေ့ ဖြတ်ထုံး
ကံထွန်းသစ်
ဇူလိုင် ၂၅၊ ၂၀၁၀

အသက်ရှစ်ဆယ်ဆိုသောအရွယ်သည် မေ့လွယ် လျှော့လွယ်သော သည်းခြေလေဖုံးသည့်အရွယ်ဟု ဆိုကြသော်ငြား အမေကားမူ သတိကောင်းဆဲပင်။ တရံတခါ လေစိမ်းမိ၍ ဖျားတတ်သည်မှတပါး ကျန်းမာရေးကလည်း ကောင်းမွန်လျက်ပင်။ ရွာဦးတိုက်ကျောင်း ဆရာတော်က သီလကောင်း၍ အသက်ရှည်ကြောင်း ပြယုဂ်ကိုထုတ်လျှင် အမေ့ကိုသာ ညွှန်းလေ့ရှိသည်။ ထို့ကြောင့် ရွာရပ်၏ လေးစားရိုသေမှုသည် တိုး၍ခိုင်လေတော့သည်။ အမေ အရွယ်ကောင်း၍ သွားသွားလာလာရှိစဉ်ကဆို အမေမို့ဖြတ်သွားလျှင် မူးနေ ရမ်းနေသူများပင်ဖြစ်ပါစေ၊ ‘ဟိုမှာ ဒေါ်ကြီးကံ လာနေတယ်’ ဆိုကာ ကိုယ်ရှိန်သတ်ကြjမဲ၊ လေးစားသမှုပြုကြမြဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts