>Thar Oo – The Man in blank

>

ဗလာကောင်
သားဦး
ဇူလိုင် ၂၁၊ ၂၀၁၀

ခြေဗလာ လက်ဗလာနဲ့
လောကအလယ် အရွယ်ရောက်ခဲ့တဲ့အကောင်။
ဗလာသီအိုရီကို သင်ယူ
ဗလာအယူအဆ နှစ်ခြိုက်
ရင်မှာဗလာတွေပိုက်
မဲမနှိုက်ပဲ
ဗလာပဲ အမြဲကျတဲ့အကောင်။
ခြေဗလာ လက်ဗလာနဲ့
သံသရာ သန်းခေါင်ညက
ဗလာကောင်။
(သံတိုင်နောက်က ကဗျာများ အစီအစဉ်အဖြစ် တင်ဆက်တာ ဖြစ်တယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts