>Friends of Citizen of Burma (New York) celebrated Rakhine Thagyan in NYC

>

နယူးယောက်မြို့ – ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ ရခိုင်သင်္ကြန်ပွဲ ၀ိုင်းဝန်းဆင်နွှဲ
ပြည်သူ့ဂုဏ်ရည်ပြန်ကြားရေး (နယူးယောက်)
ဇူလိုင် ၂၁၊ ၂၀၁၀
လွန်ခဲ့သည့် တနင်္ဂနွေနေ့၊ ဇူလိုင် ၁၈၊ နယူးယောက်မြို့၊ မက်ဟက်တန် ၈၄ လမ်း၊ PS 9 မှာ ၁၆ ကြိမ်မြောက်  ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကျင်းပခဲ့ပါတယ်။ အဲသည်ပွဲတော်မှာ ပြည်သူ့ဂုဏ်ရည် (NY Chapter) က ဆိုင်ခန်းများ ဖွင့်လှစ်ပြီးတော့ စားသောက်ဖွယ်ရာများ၊ ပြည်သူ့ဂုဏ်ရည်တီရှပ်များ ရောင်းချရင်းနဲ့ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများကို ပွဲတော်လာပရိသတ်သို့ မိတ်ဆက်ပေးခြင်းနဲ့ အသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့ကြပါတယ်။
          လက်ကမ်းစာစောင်များ (သည်နေရာက ရယူပါ) နဲ့ ပထမဦးဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူကို ဂုဏ်ပြုထုတ်ဝေတဲ့ ပို့စကဒ်များကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။ ဆိုင်ခန်း ၅ ခန်းကို ဆက်တိုက် ရယူထားပြီး ဆင်တူ နဖူးစီးဒီဇိုင်းစာတန်းများ ချိတ်ဆွဲကာ လုပ်အားပေးသူနဲ့ စီစဉ်သူ ၃၆ ဦးက ၀ိုင်းဝန်းခဲ့ကြတာကို တွေ့ရပါတယ်။
          ပြည်သူ့ဂုဏ်ရည် ရှေ့လုပ်ငန်းစဉ်တွေအတွက် ရန်ပုံငွေ ရှာဖွေခြင်း၊ ၀ိုင်းဝန်းလုပ်အားပေးလိုကြသည့် စေတနာရှင်များ၊ ပန့်ပိုးကူညီ အားပေးလိုကြသည့် အလှူရှင်များ၊ ပရိသတ်များနှင့် တွေ့ဆုံ ဆွေးနွေး ရင်းနှီး ချစ်ခင်မှုများ ရရှိခြင်း၊ မြန်မာအသိုင်းအ၀ိုင်း အဖွဲ့အစည်းအသီးသီးနှင့် ရင်းနှီးမိတ်ဆုံမှုများ ရရှိခြင်း တို့ကြောင့် နယူးယောက်က ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများရဲ့ မိတ်ဆက်လှုပ်ရှားမှုဟာ အောင်မြင်တယ်လို့ ဆိုနိုင်ကြောင်း စေတနာဝန်ထမ်း တာဝန်ခံတဦးဖြစ်တဲ့ အောင်မိုးဝင်း (BGAN) က ပြည်သူ့ဂုဏ်ရည် (NY Chapter) ကိုယ်စား ထုတ်ဖော်ပြောကြားပါတယ်။
          ၎င်းတို့ ထုတ်ပြန်တဲ့ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများအတွင်း ဖြန့်ဝေတဲ့ သတင်းပြန်ကြားစာကို ( သည်နေရာကနေ ) ရယူ ဖတ်ရှူနိုင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts