>than shwe to visit buddha gaya

>

ဗိုလ်ချုပ်မှူးကြီး ဗုဒ္ဓဂါယာ သွားဦးမည်
မိုးမခအထောက်တော် အမှတ် ၎
ဇူလိုင် ၁၉၊ ၂၀၁၀ ၂၀၀၄ ခုနှစ်က ဗုဒ္ဓဂါယာတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး


မြန်မာပြည် နံပတ် ၁ စစ်ခေါင်းဆောင်က အိန္ဒိယသို့ ခရီးထွက်ရန် ပြင်ဆင်နေပြီး ခရီးစဉ်အတွင်း ဗုဒ္ဓဂါယာသို့ သွားမည်ဟု အိန္ဒိယ စာနယ်ဇင်းများတွင် ဖော်ပြနေကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၄ ခုနှစ်ကလည်း အိန္ဒိယသို့ သွားခဲ့ပြီး ဗုဒ္ဓဂါယာသို့ ၀င်ခဲ့သည်။

မြန်မာပြည်တွင် ဖြစ်ပျက်နေသော မတရားမှုများ၊ သတ်ဖြတ်မှုများအတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ် ဟု လူ့အခွင့်အရေး အဖွဲ့များက သတ်မှတ်ခံထားရသော ဗိုလ်ချုပ်မှူးကြီး၏ ပြည်တွင်း ပြည်ပ ဘုရားဖူးသတင်းများကို စစ်အစိုးရ မီဒီယာများတွင် မကြာခဏ ဖော်ပြလေ့ ရှိသည်။

သို့သော်လည်း လာမည့် သီတင်းပတ်တွင် ပြုလုပ်မည့် အသက် ၇၇ အရွယ် ဗိုလ်ချုပ်မှူးကြီး၏ ဗုဒ္ဓဂါယာ ခရီးစဉ်အကြောင်းကို ဖော်ပြခြင်း မရှိသေးပေ။

ဗုဒ္ဓ ဘုရားသည် ဗုဒ္ဓဂါယာတွင်ွ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိ၍ မာရ်ငါးပါးကို အောင်မြင်ခဲ့သောကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ထိုဒေသကို အထွဋ်အမြတ် ထားကြသည်ဟု wikimyanmar.co.cc တွင် ရေးထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts