>most popular DVD in Rgn

>

ဝါကာ ၀ါကာ သီချင်း ဒီဗီဒီ ရန်ကုန် ခွေရောင်းဆိုင်များ၌ ရေပန်းအစားဆုံးဖြစ်နေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၅၊ ၂၀၁၀လမ်းဘေးဆိုင်များတွင် ကမ္ဘာ့ဖလားက အ၀ယ်လိုက်နေသည်(ဓာတ်ပုံ – မိုးမခ)


၎နှစ် တကြိမ် ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံးပွဲများအား မြန်မာနိုင်ငံမှ လူအများစုက စိတ်ဝင်စားကြသည့် နည်းတူ ၂၀၁၀ ကမ္ဘာ့ဖလား သီချင်း ဖြစ်သည့် အဆိုတော် Shakira ၏ ၀ါကာ ၀ါကာ သီချင်းပါ ဒီဗီဒီ အခွေများ ရန်ကုန်မြို့တွင် အ၀ယ်လိုက်နေသည်ဟု ရန်ကုန်မှ ခွေရောင်းသူများက ပြောသည်။

၂၀၁၀ ကမ္ဘာ့ဖလား ဖွင့်ပွဲကျင်းပပြီးမကြာမီတွင်ပင် ရန်ကုန်ရှိ နိုင်ငံခြား ဗီစီဒီ၊ ဒီဗီဒီ ခွေထုတ်လုပ် ဖြန့်ချိသူများထံမှ ထွက်ရှိခဲ့ပြီး နေ့စဉ်လိုလို အရောင်းသွက်နေသည်မှာ ယခုချိန်ထိဖြစ်သည်ဟု
ကျောက်တံတား မြို့နယ်မှ လမ်းဘေး ခွေရောင်းသူ တဦးက ပြောသည်။

“ခွေထွက်တာ ၂ ပတ်ကျော်လောက်ရှိပြီ၊ ဒိုင်ကနေ မနက် ၁၀ ခွေဝယ်လာရင် နေ့ချင်းကုန်တာပဲ။ ဒီနေ့ဆို ဒိုင်ကနေ ယူဖို့သွားတာ နောက်ကျသွားလို့ ကမ္ဘာ့ဖလား သီချင်းခွေ မရလိုက်ဘူး။ ၀ယ်သူက နေ့တိုင်းမေးနေတယ်၊ အမျိုးသားတွေထက်ကို အမျိုးသမီးတွေက လာဝယ် တာပိုများတယ်” ဟု ပြောသည်။

မြန်မာပြည်တွင် ဖြန့်ချိနေသည့် ကမ္ဘာ့ဖလား DVD (ဓာတ်ပုံ – မိုးမခ)

ယခုနှစ် ကမ္ဘာ့ဖလား သီချင်း အပြင် ယခင် ကမ္ဘာ့ဖလားဖွင့်ပွဲ သီချင်းများဖြစ်သည့် ရစ်ကီမာတင်၊ ဂျပန် ကိုးရီးယား ပူးတွဲ ကျင်းပသည့် ကမ္ဘာ့ဖလား သီချင်းများကိုပါ ထည့်သွင်းထားပြီး တချပ်လျင် ကျပ် ၄၀၀ ဖြင့် ရောင်းချနေသည်။

ထွက်ရှိခါစက သီချင်း ၆ ပုဒ်ပါရှိပြီး နောက်ပိုင်းထွက်သည့် ခွေများတွင် ၁၉ ပုဒ်ပါရှိသည်ဟုလည်း သိရသည်။

အခြားသော ကမ္ဘာ့ နိုင်ငံများနည်းတူ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံ တောရောမြို့ပါ စိတ်ဝင်စားကြသည်။

ဘောလုံးပွဲနှင့် အတူ အလောင်းအစားပါ တွဲလျက်ပါဝင်ပြီး ကုန်သည်များ၊ လုပ်ငန်းရှင်များ ပုဂ္ဂလိက
စီးပွားရေး လုပ်သူများအကြား ကျယ်ပြန့်စွာ ပါဝင်ဆင်နွှဲကြသည့် ပွဲတပွဲ ဖြစ်နေသည်ကို တွေ့ရသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts