>fake donation?

>

ဆိုင်မှ ပစ္စည်းများ ငှားရမ်းပြီး ရခိုင်ရေဘေးဒုက္ခသည်များကို ဟန်ပြ ပေးလှူဟု ဆို
မိုးမခအထောက်တော် အမှတ် ၀၀၆
ဇွန် ၂၂၊ ၂ဝ၁ဝ ရုပ်သံ နှင့် သတင်းစာတို့တွင် ဖော်ပြခဲ့သော ၀န်ကြီးများ၏ “ကယ်ဆယ်ရေးပစ္စည်းပေးအပ်ပွဲ”


ရေကြီး၊ မြေပြိုခဲ့သည့် ရခိုင်ပြည်နယ်ရောက် ၀န်ကြီးများက ဒေသခံတို့ကို ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု ဆိုသော်လည်း နောက်ပိုင်းတွင် ထိုပစ္စည်းများကို ငှားရမ်းခဲ့သည့် ဈေးဆိုင်များထံ ပြန်လည် အပ်နှံရသောကြောင့် ဒေသခံများ အမှန်တကယ် ရခဲ့ခြင်းမရှိဟု BBC သတင်းတပုဒ်တွင် ယမန်နေ့က ဖော်ပြခဲ့သည်။

ဇွန် ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါ “ကယ်ဆယ်ရေးပစ္စည်းပေးအပ်ပွဲ” ကို တက်ရောက် ခဲ့သူများမှာ စစ်အစိုးရ ၀န်ကြီးများဖြစ်သော ဦးမောင်မောင်ဆွေ၊ ဦးသိန်းဆွေတို့ ဖြစ်သည်။

ကယ်ဆယ်ရေး ပစ္စည်း ပေးအပ်ပွဲမှာ အတုအယောင် ဖြစ်သည်ဟူသော သတင်းနှင့် ပတ်သက်ပြီး စစ်အစိုးရက တုံ့ပြန်ခြင်း မရှိသေးပေ။

နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး အလှူရှင်တို့၏ ပစ္စည်းတချို့ကို ဗိုလ်ချုပ်မှူးကြီး၏ မိသားစု အမည်များ ကပ်ပြီး ပေးလှူခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ ထိုစဉ်ကလည်း တုံ့ပြန်ခြင်း မရှိခဲ့ပေ။

မကြာသေးမီ ရက်ပိုင်း အတွင်းက ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် စသည့် မြို့ပေါင်း ၅ ခုတွင် မိုးသည်းထန်မှုကြောင့် မြေပြိုခြင်း၊ ရေလွှမ်းမိုးခြင်းများ ဖြစ်ခဲ့သည်။ လူဦးရေ အနည်းဆုံး ၆၃ ဦး သေဆုံးခဲ့ပြီး ဒေသခံ ထောင်နှင့်ချီ အိုးအိမ်မဲ့ ဖြစ်သွားခဲ့သည်ဟု စနေနေ့ထုတ် မြန်မာသတင်းစာများတွင် ရေးထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts