Uncategorized

Naing Oo Nyo (Phoe Zero) – Poem

ကဲ ဘာတဲ့ ဒါလား ဒီကနေ့ကဗျာ
နိုင်ဦးညို (ဖိုးဇီးရိုး)
ဇွန် ၁၅၊ ၂၀၁၃


ကဗျာ
ကဗျာတပုဒ်
ရေးမယ်ကြံလိုက်ရင်း
ဒါ ဒါဘဲ ပေါ်လာတယ်
စဉ်းစား လိုက်ရင်း
ဒါ ဒါဘဲ ပေါ်လာတယ်
ဆက်တွေး မရ
ဆက်ရေး မရ
ရတာ ရေးချ၊
အရှုတ်ထုပ်တွေ
တထုပ်ပြီးတထုပ်
လူသစ်တန်းတွေလဲပါရဲ့
လူအဟောင်းတွေက
ပိုလို့တောင်
များများ
လာသလားလို့၊
အနှစ်နှစ်ဆယ်က
သံယောဇဉ်ဆိုတာနဲ့
မျှဉ်းကြည့်
တဲတဲလေးမှ
တဲတဲလေး
ကျန်တော့တယ်၊
ဒီလိုဒီလိုလူတွေ
သုံးသောင်းလောက်
ဆန့်တယ်ဆိုတဲ့
သင်္ဘောကြီးနဲ့
ခေါက်တုံ့ခေါက်ပြန်သယ်သွား
ကုန်နိုင်ပါ့မလား၊
ဒါကိုဘဲ
ကမ္ဘာမှာ
မြန်မာကွလို့
လက်ခမောင်းတွေ
တဖြောင်းဖြောင်းခတ်ပြကြ
ပလီစိချောက်ချက်
ဝီစီတွေ
တရွှီရွှီမှုတ်ပြကြ၊
အိမ်ဦးခန်းကို
နောက်ဖေးပေါက်က
တက်လာတဲ့သူတွေ
ခန့်ခန့်ကြီး
ထိုင်ပြကြ၊
နေရာမရရှာသူတွေကလည်း
လူးလဲနေရာရှာကြ
ရပြီးသူတွေကလည်း
ခြေထိုးပြီးခံကြ၊
တချို့ကလည်း
ဇာတ်ကြောရှည်
တချို့ကလည်း
ဇာတ်ကြောင်းပြန်၊
တချို့ကလည်း
အနှိမ်ခံ
တချို့ကလည်း
နပိန်ကန်၊
တချို့ကလည်း
အမှောင်လွှမ်း
တချို့ကလည်း
ဂယောင်ဂတမ်း၊
တချို့ကလည်း
မှောက်ရက်လဲ
တချို့ကလည်း
အရှက်ကွဲ၊
တချို့ကလည်း
မေးငေါ့
တချို့ကလည်း
ပြေးဆော့၊
တချို့ကလည်း
ဇောက်ထိုးကျွမ်းပြန်
တချို့ကလည်း
ဇောက်ထိုးမိုးမျှော်၊
ခြောက်လိုက်လို့
ကြောက်သွားတဲ့သူ
မြောက်လိုက်လို့
ရောက်သွားတဲ့သူ
ဤဇမ္ဗူမှာ
ဒီလူကို
မှီမဲ့သူများ
မရှိတော့လေသလား၊
နှစ်ထောင့်ဆယ့်ငါးမှာ
ငါသာလျှင်
ရှင်ဘုရင်
ဖြစ်စေရော့၊
ကဲ လာဟဲ့
ဘာတဲ့
အသက်တရာ
အနာမရှိ
ဟတ်ချိုး
ဒေါက်တာဆိတ်ဖွား  ။ ။  

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts