>nice donors in burma :D

>မိုးမခတောထဲက သတင်း အပိုင်းအစများ

၇၂၀၉၄၃၅၀၀
အဝေးကြည့်မှန်ပြောင်း
မေ ၂၀၊ ၂၀၁၀ ရက်ရောတဲ့ ကိုကိုတေဇ
လူတွေ သိပ်လှူကြတာပဲ။ အလှူရှင် ၃၅၄ ဦးတို့က အလှူငွေ စုစုပေါင်း ကျပ် ၇၂၀၉၄၃၅၀၀ ထည့်ဝင်ကြတယ်လို့ ကြေးမုံ သတင်းစာမှာ ရေးထားပါတယ်။ ဟုတ်ပါတယ် ဒီလ ၁၆ ရက်နေ့ထုတ်ပါ။ ဒီဂဏန်းကြောင့် မနေနိုင်လို့ ကွန်ပျူတာရှေ့ ထိုင်ရပါပြီ။

ကျပ် ၇၂၀၉၄၃၅၀၀
ကြုံတုန်း လေရှည်ရရင် ဂဏန်းတွေကို သို့ကလို ရေးတာ မနှစ်သက်စရာ။ ၇၂၀,၉၄၃,၅၀၀ လို့ မရေးချင်ရင်လည်း ၇၂၀ ၉၄၃ ၅၀၀ လို့ ရေးပေါ့ကွယ်။

အဲဒါဆိုရင် ၇၂၀၉၄၃၅၀၀ ဟာ ဘယ်လောက်ဖြစ်တယ် ဆိုတာ တွက်ရ ပိုလွယ်မယ်လေ။ ရှင်းလင်းစေချင်လို့ သတင်းရေးတာ မဟုတ်လား။ ရှုပ်ထွေး စေချင်ရင် စာရှုပ်ရှုပ်တွေ ရေးမှာပေါ့။

၇၂၀၉၄၃၅၀၀ လို့ မပြောဘဲ သိန်း ၇၂၀၀ ဆို မကောင်းဘူးလား)

ဖုန်းနံပတ်တွေ ရေးတဲ့အခါလည်း ဂဏန်း သုံးလုံးခြား၊ လေးလုံးခြား ရေးသင့်ပါတယ်။ ဒါမှ အမြင်ရှင်းမှာပါ။ အမြင်ကပ်တဲ့လူအတွက် ဆိုရင်တော့ ဆက်တိုက် ရေးပေးလိုက်ပေါ့ဗျာ။ အဲဒီ ငနဲသား (သို့မဟုတ် ငနဲမ) ဖတ်ရ ခက်သွားအောင်။

၇၂၀၉၄၃၅၀၀ ဆိုတာ ဘာအတွက်လဲ
အပူဒဏ်ကြောင့် သောက်သုံးရေ ရှားပါးတဲ့ ဒေသတွေမှာ ရေပေးဝေရေး လုပ်ငန်းတွေ သုံးမယ်လို့ မထင်ပါနဲ့။ ရေဆိုတာက သောက်ပြီးရင် ဟိုဟာ ဖြစ်သွားတာကြောင့် အကျိုးရှိတဲ့ နေရာတွေမှာ အဲဒီငွေတွေကို သုံးမှာပါ တဲ့။ ဟုတ်ကဲ့ သုံးမယ့် နေရာက ကျေးရွာစာကြည့်တိုက် ဖောင်ဒေးရှင်း လို့ ဆိုပါတယ်။

အလှူရှင် နာမည်တွေ ဖော်ပြမထားပေမယ့် ဆရာ တေဇတို့ ဘာတို့ကို ဓာတ်ပုံထဲမှာ တွေ့ရတယ်။ ဆရာတေဇတို့က သိပ် ရက်ရောတာပဲ။

စာကြည့်တိုက် ဖောင်ဒေးရှင်းလုပ်ပြမှ ဗိုလ်ချုပ်ကြီးများ စာပေ ချစ်မြတ်နိုးမှန်း သိသာတာ မဟုတ်ပါ။ ဒီဆရာတွေ စာပေကို အားပေးတယ်ဆိုတာ အားလုံး သိပြီးသားပါ။ စာပေ စိစစ်ရေးဌာနမှာ စစ်ဗိုလ်လူထွက်တွေကို ခန့်ထားတာပဲ မဟုတ်လား။

အင်း – ဒီတခေါက် ရေးစရာကတော့ ဒါပါပဲ။ ဒီဆရာတွေရဲ့ စေတနာကို လူချင်းတွေ့မှပဲ ဂုဏ်ပြုစကား ပြောတော့မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts