>18th May 2010 – Burmese Magazine Digests

>

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုဟ် သာဂိ
မေ ၁၈၊ ၂၀၁၀
မြန်မာငွေတန်ဖိုး စံချိန်တင် တက်။ လှိုင်သာယာမြို့နယ် ကျေးရွာများ ရေချိုဝယ်လိုအား မြင့်တက် (စာပေစိစစ်ရေးကို ကျော်ဖို့ သတင်းခေါင်းစဉ်ကို အဲသလို ပေးရတယ်ဗျာ။ ရေရှား၊ ပြည်ပကုန် အ၀င်နှေး လို့ မပြောတော့ဘူးလေ)
ထူးဘိလပ်မြေ တရက် တန် ၇၀၀ ထုတ်မည်ဟု ဆိုသည်။ ရွေးကောက်ပွဲပျက်အောင် ဆန့်ကျင်သူတို့က ဗုံးခွဲမှုများ လုပ်ဟု ရဲချုပ် ခင်ရီက စွပ်စွဲ။
အချိန်ပိုင်းနှင့် ပေးသည့် လျှပ်စစ်မီးကို အတိအကျပေးရန် – ပြည်သူတို့လိုလား။ ရာသီဖောက်၍ ပဲဈေးတက်။
လမ်းတံတားကြေးများ တိုးကောက်ခြင်းကြောင့် ပုဂ္ဂလိကပိုင်လမ်းများ ပြုမှု လူထုကို မထိခိုက်စေချင်။
ပါတီထောင်ခွင့် ၃၁ ပါတီ လျှောက်ထား။ ၂၇ ဖွဲ့ကို တည်ထောင်ခွင့်ပြု။
စစ်တွေတွင် လမ်းချော်သည့် လေယာဉ်ကို နေပြည်တော်တွင် ကော်ဖီဆိုင်အဖြစ် တည်ဆောက်။
ပုဂ္ဂလိက အခြေခံပညာအထက်တန်းကျောင်းလခ သိန်း ၃၀ ပေါက် (ဒေါ်လာ ၃ ထောင် တဲ့လား …)
ပုံမှန်ကားဈေး အရောင်းအ၀ယ် မာ – ကားဈေး သိန်း ၂၈၀ မှ ၃၄၀ ( ဒေါ်လာ ၃ သောင်း တဲ့လား …)
မိုးလေ၀သက ကြေညာသည့် အပူချိန်က အပြင်က အမှန်တကယ် အပူချိန်နှင့် ကွာဟနေဟု ဆို။
မန္တလေးတွင် ကွယ်လွန်သူ စာရေးဆရာ မာန်မြင့် ရည်စူုးသည့် သိန်း ၁၀၀၀ (ဒေါ်လာ ၁ သိန်း) ဖြင့် မာန်မြင့်ဖောင်ဒေးရှင်း ဖွဲ့မည် – လမ်းတံတားနဲ့ ပညာရေးကဏ္ဍ အတွက်ဟု ဆို။
အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက်ဗီဇာပေးမည်။
တခါသုံး ဖုံးကတ်ဝယ်လိုလျင် – နိုင်ငံသားကတ်ပြားနဲ့ မိတ္တူ ၂ စောင် ပေးအပ်ရမည်။
လွှတ်တော်ကိုယ်စားလှယ် ဖြစ်လိုသူများနဲ့ အင်တာဗျူးကောက်နုတ်ချက်များ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts