>FFSS (Yangon) Charity & Volunteer Works Updates

>

မေလ တတိယပတ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လှုပ်ရှားမှုများ
(ကို) ကျော်သူ၏ ဝေမျှမှု၊ မိုးမခက ပြန်လည်တင်ဆက်သည်။
မေ ၁၈၊ ၂၀၁၀
ရှေ့တန်းတွင် ဝေသူက ဝေ …  နောက်တန်းတွင် စုသူက စု
      နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁၇ – ၅ – ၂၀၁၀ (တနင်္လာနေ့) တွင် ပဲခူးမြို့၊ ဝေါမြို့နယ် ဘက်တွင် သောက်ရေ လှူဒါန်းမှုများ ပြုလုပ်ပေးနေကြသလို၊ ရန်ကုန်ရှိ အသင်းရုံးချုပ်တွင်လည်း တိုးပွားလာသော သေဆုံးမှုဦးရေ ဈာပနလမ်းကြောင်း ကူညီမှုများကိုလည်း ပြုလုပ်ပေးလျှက်ရှိသည်။
ထို့အတူ ရေလှူဒါန်းမှုများတွင် လစ်ဟာမှု မရှိအောင် အတတ်နိုင်ဆုံး ပိုမို ပံ့ပိုးပေးနိုင်ရန်အတွက် ပလပ်စတစ် ရေတိုင်ကီများ၊ ရေပုံးများ ထပ်မံဝယ်ယူ စုဆောင်းပြီး သောက်ရေ လိုအပ်နေသော မြို့နယ်များရှိ ကျေးရွာ၊ ဒေသများသို့ လှူဒါန်းမှု ပြုလုပ်ပေးနိုင်ရန်အတွက် အသင့်လုပ်ဆောင်လျှက် ရှိပါကြောင်း  နာရေးကူညီမှုအသင်း(ရန်ကုန်) က တင်ပြလိုက်ပါသည်။
စာရေးဆရာ၊ အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးဗလ (ခ) ဦးသုမောင်  ကမ္ဘာမြေပြင်မှ ထွက်ခွာသွား ရှာလေပြီ
      နိုင်ငံကျော် စာရေးဆရာ၊ အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးဗလ (ခ) ဦးသုမောင်သည် ယနေ့ ၁၆ – ၅ – ၂၀၁၀ (တနင်္လာ)နေ့ ည ( ၉း၀၀ ) နာရီအချိန်တွင် သုခကမ္ဘာဆေးခန်းတွင် ကွယ်လွန်သွားခဲ့ပါသည်။ ၄င်း၏ ရုပ်ကလပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မော်တော်ယာဉ်မောင်းနှင်ပြီး သုခကမ္ဘာဆေးခန်းမှ သယ်ဆောင်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။
      ထူးခြားချက် တစ်ခုမှာ ရန်ကုန်မြို့တွင် မိုးရွာသွန်းမှုမရှိ၍ ပြင်းပြလှသော အပူဒဏ်ကို ခံစားနေရသော မြို့သူ မြို့သားများအား ဦးသုမောင်၏ ရုပ်ကလပ်ကို သုခကမ္ဘာဆေးခန်းမှ ရေဝေးသုဿန်သို့ သယ်ယူပို့ဆောင်ချိန်တွင် မိုးရွာသွန်းပေးမှုကြောင့် အအေးဓါတ် လွှမ်းခြုံပေးမှုကို ခံစားလိုက် ရပါသည်။
      ၂၀ – ၅ – ၂၀၁၀ (ကြာသပတေး)နေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ရုပ်ကလပ်အား ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်မည် ဖြစ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts