>Tu Maung Nyo – To Register, To Survive and To Found – political parties in Burma in 2010


>

တည်ထောင်ခွင့်/ဆက်လက်တည်ထောင်ခွင့်/ မှတ်ပုံတင်ခွင့်
တူမောင်ညို
မေ ၁၇၊ ၂၀၁၀
            မေလ (၉) ရက်နေ့က နေပြည်တော်မှာ Mr. Kurt Campbell တို့အဖွဲ့နဲ့ (နအဖ)ပြောခွင့်ရအာဏာပိုင်အဖွဲ့ခေါင်းဆောင်/ပြန်ကြား ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်ဆန်းတို့ တွေ့ဆုံကြရာမှာ “မေလ (၈) ရက်နေ့အထိ ကော်မရှင်တွင် ပါတီတည်ထောင်ခွင့်လျှောက်ထား သည့် ပါတီပေါင်း (၃၆) ပါတီ ရှိနေပြီ” လို့ထည့်သွင်းပြောကြားသွားပါတယ်။
            ဒီလိုပြောတာဟာ အရေအတွက်ဘက်ကကွက်ပြီး လိုရာဆွဲပြောသွားတာပါ။ ကော်မရှင်က ပါတီဘယ်နှခုကို မှတ်ပုံတင် ခွင့်ပြုလိုက် ပြီးဖြစ်တယ်ဆိုတဲ့ဘက်ကိုထည့်ပြောမသွားပါဘူး။

(NLD) ပါတီကပဲ မှတ်ပုံမတင်တာကျန်တဲ့ပါတီတွေက မှတ်ပုံတင်ကြတယ်ဆိုတာကို တမင်ပေါ်လွင်အောင်ပြောတာဖြစ်ပါတယ်။
          (နအဖ)ပြောခွင့်ရအာဏာပိုင်အဖွဲ့ခေါင်းဆောင်/ ပြန်ကြားရေးဝန်ကြီးဌာန၊ဝန်ကြီး ဦးကျော်ဆန်းပြောသွားတဲ့ “ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း (၃၆) ပါတီ” ဆိုသည်မှာ “ပါတီတည်ထောင်ခွင့်”လျှောက်ထားသည့် အဖွဲ့ (၃၁) ဖွဲ့နှင့် “နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်”လျှောက်ထားသည့် နိုင်ငံရေးပါတီ (၅) ပါတီကို ရောပေါင်းပြီးပြောလိုက်တာဖြစ်ပါတယ်။
“ ပါတီတည်ထောင်ခွင့်” လျှောက်ထားသည့် အဖွဲ့(၃၁)ဖွဲ့ဆိုသည်မှာ၂၀၁၀ပြည့်နှစ်၊မေလ(၈)ရက်နေ့က ထုတ်ပြန်လိုက်သော ရွေး ကောက်ပွဲဆိုင်ရာဥပဒေများအရ သိန်းစိုးကော်မရှင်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားကြသည့် အဖွဲ့များဖြစ်ပါတယ်။
“နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်”လျှောက်ထားသည့် နိုင်ငံရေးပါတီ (၅) ပါတီဆိုသည်မှာ “နိုင်ငံတော်ငြိမ်ဝပ်ပိ ပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၄/၈၈) အရ တည်ရှိနေသောပါတီများကိုဆိုလိုခြင်းဖြစ်ပါတယ်။ (NLD/SNLD အပါအဝင် ပါတီ စုစုပေါင်း ၁၀ ပါတီရှိပါတယ်)
ဒီနေရာမှာ အောက်ပါစကားလုံး/စကားစုများကို အထူးဂရုပြုစေလိုပါတယ်။
– နိုင်ငံရေးပါတီ တည်ထောင်ခွင့်
                    – နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်ခွင့်
– မှတ်ပုံတင်ခွင့်
“ပါတီတည်ထောင်ခွင့်”လျှောက်ထားသည့် အဖွဲ့(၃၁)ဖွဲ့ဆိုသည်မှာ ၂၀၁၀ပြည့်နှစ်၊ မတ်လ(၁၁)ရက် သိန်းစိုးကော်မရှင် ဖွဲ့စည်းပြီး နောက် “နိုင်ငံရေးပါတီတည်ထောင်ခွင့်” လျှောက်ထားကြသည့်အဖွဲ့များဖြစ်ပါသည်။ ယင်း (၃၁) ဖွဲ့မှာ…
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့
ပါတီ တည်ထောင်ခွင့်လျှောက်ထားသည့် အဖွဲ့အစည်းများ
(မတ်လ ၂၂ ရက်နေ့ မှ မေလ ၈ ရက်နေ့အထိ)
စဉ်
ရက်စွဲ
ပါတီအမည်
မှတ်ချက်
၁။
၂၂ မတ်
၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စု မြန်မာနိုင်ငံ) 
THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR)
ဦးရဲထွန်း ပါ (၂၇) ဦး
၂။
၂၂ မတ်
 ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်
THE UNION OF MYANMAR FEDERATION OF NATIONAL POLITICS
ဦးအေးလွင်ပါ (၂၈) ဦး
၃၀ မတ်
 ဒီမိုကရက်တစ်ပါတီ (မြန်မာ)
           
ဦးသုဝေ ပါ (၂၀) ဦး
၎။
၃၁ မတ်
ကရင်ပြည်သူ့ပါတီ
ဦးထွန်းအောင်မြင့် ပါ (၁၆) ဦး
၅။
၁ ဧပြီ
အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်
ဦးတင်ထွန်းမောင် ပါ (၁၅) ဦး
၆။
၂ ဧပြီ
 ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်( PNO)
ဦးစံလွင် ပါ (၁၅) ဦး
၇။
၅ ဧပြီ
 ကချင်ပြည်နယ်တိုးတက်ရေးပါတီ။
ဒေါက်တာမနမ်တူးဂျာ ပါ (၁၅) ဦး
၈။
၅ ဧပြီ
မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
ဦးဇင်အောင်ပါ (၁၇) ဦး
၆ ဧပြီ
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
ဦးနေမျိုးဝေ ပါ (၁၇) ဦး
၁၀
၆ ဧပြီ
 ခေတ်သစ်ပြည်သူ့ပါတီ
ဦးထွန်းအောင်ကျော် ပါ (၃၄) ဦး
၁၁
၇ ဧပြီ
ချင်းအမျိုးသားပါတီ (Chin National Party)
ဦးဇမ်ကျင်ပေါ်(ခ) ဦးဇိုဇမ်းပါ (၁၆) ဦး
၁၂
၈ ဧပြီ
 ပြည်ထောင်စု ဒီမိုကရေစီပါတီ (Union Democracy Party) 
           
         
ဦးရွှေအုံး ပါ (၁၅) ဦး
၁၃
၈ဧပြီ
  ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
ဦးစိုင်းအိုက်ပေါင်း ပါ (၁၅) ဦး
၁၄
၈ဧပြီ
တအောင်း (ပလောင်) အမျိုးသားပါတီ
ဦးအိုက်မုန်း ပါ (၁၅) ဦး
၁၅
၉ဧပြီ
ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ)
         
ဦးရဲမင်း ပါ (၂၁) ဦး
၁၆
၉ ဧပြီ
“ဝ” ဒီမိုကရက်တစ်ပါတီ
ဦးခွန်ထွန်းလူ (ခ) ဦးထွန်းလူပါ (၁၅) ဦး
၁၇
၂၃ ဧပြီ
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ
ဦးစောခင်မောင်မြင့် ပါ (၁၅) ဦး
၁၈
၂၃ ဧပြီ
ရှမ်းပြည်နယ်မြောက်ပိုင်းတိုးတက်ရေးပါတီ
(Northern Shan State Progressive Party)
ဦးချန်းခေါ ပါ (၁၅) ဦး
၁၉
၂၃ ဧပြီ
 ချင်းတိုးတက်ရေးပါတီ (Chin Progressive Party)
ဦးပေါ်လျှံလွင် ပါ (၂၂) ဦး
၂၀
၂၆ ဧပြီ
ကယန်းအမျိုးသားပါတီ
ဦးခူးယူဂျင်း ပါ (၁၇) ဦး
၂၁
၂၆ ဧပြီ
အမျိုးသားဖွံဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ
( National  Democratic Party for Development )
ဦးလှသိန်း ပါ (၂၁) ဦး
၂၂
၂၈ ဧပြီ
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု
ဦးအေးကြိုင် ပါ (၁၅) ဦး
၂၃
၂၉ ဧပြီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဦးသိန်းစိန် ပါ (၂၇) ဦး
၂၄
၂၉ ဧပြီ
“ဝ” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ  
ဦးစောဖီးလစ် ပါ (၁၅) ဦး
၂၅
၂၉ ဧပြီ
အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
ဦးအောင်ကြည်ဝင်း ပါ (၁၅) ဦး
၂၆
၃၀ ဧပြီ
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ 
၂၇
၃၀ ဧပြီ
ညီညွတ်သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)
United Democracy Party (Kachin State)
၂၈
၃ မေ
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)
၂၉
၎ မေ
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
၃၀
၎ မေ
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
၃၁
၆ မေ
တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ
(Ethnic National Development Party)
ယင်းသို့ ပါတီတည်ထောင်ခွင့်လျှောက်ထားသည့် အဖွဲ့ (၃၁) ဖွဲ့အနက်မှ (၂၈) ဖွဲ့၏ တည်ထောင်ခွင့်လျှောက်ထားချက်ကို သိန်းစိုး ကော်မရှင်က ခွင့်ပြုလိုက်ကြောင်းထုတ်ပြန်ပေးထားပါသည်။
တည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြုထားသည့်အဖွဲ့ပေါင်း (၂၈) မှာ
တည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြုထားသည့်အဖွဲ့များ
 (မေလ ၁၂ ရက်)
စဉ်
ခွင့်ပြုသည့်နေ့
နိုင်ငံရေးပါတီအမည်
၁။
၂၂ ဧပြီ
 ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စု မြန်မာနိုင်ငံ) 
THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR)
၂။
၂၂ ဧပြီ
 ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်
THE UNION OF MYANMAR FEDERATION OF NATIONAL POLITICS
၃။
၂၃ ဧပြီ
ပအိုးဝ်အမျိုးသားအဖွဲ့ချုပ် (PNO)
၎။
၂၃ ဧပြီ
တအောင်း (ပလောင်) အမျိုးသားပါတီ
၅။
၂၃ ဧပြီ
ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ)
၆။
၂၈ ဧပြီ
“ဝ” ဒီမိုကရက်တစ်ပါတီ
၇။
၂၉ ဧပြီ
 ဒီမိုကရက်တစ်ပါတီ (မြန်မာ)
၈။
၂၉ ဧပြီ
ကရင်ပြည်သူ့ပါတီ
၉။
၂၉ ဧပြီ
 အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်
၁၀။
၂၉ ဧပြီ
 မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
၁၁။
၂၉ ဧပြီ
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
၁၂။
၂၉ ဧပြီ
ခေတ်သစ်ပြည်သူ့ပါတီ
၁၃။
၃ မေ
ချင်းအမျိုးသားပါတီ (Chin National Party)
၁၄။
၃ မေ
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
၁၅။
၎ မေ
 ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democratic Party)
၁၆။
၎ မေ
 ဖလုံ- စဝေါ်ဒီမိုကရက်တစ်ပါတီ
၁၇။
၎ မေ
ချင်းတိုးတက်ရေးပါတီ (Chin Progressive Party)
၁၈။
၎ မေ
ကယန်းအမျိုးသားပါတီ
၁၉။
၎ မေ
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (National Democratic Party for Development)
၂၀။
၎ မေ
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အမျိုးသားအင်အားစု
၂၁။
၎ မေ
 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၂၂။
၎ မေ
 “ဝ” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ
၂၃။
၎ မေ
 အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ 
၂၄။
၎ မေ
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
၂၅။
၆ မေ
ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)
၂၆။
၆ မေ
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
၂၇။
၆ မေ
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
(Rakhine Nationalities Development Party) (RNDP)
၂၈။
၁၁ မေ
တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ
(Ethnic National Development Party)
ကော်မရှင်ထံမှ တည်ထောင်ခွင့်ရရုံဖြင့် နိုင်ငံရေးပါတီဖြစ်မလာသေးပါ။
သို့ပါ၍ ပါတီတည်ထောင်ခွင့်ရရှိသောအဖွဲ့သည်ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ရက်ပေါင်း၃၀အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နဲ့အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရအုံးမှာဖြစ်ပါတယ်။
 ယင်းလျှောက်ထားချက်များကို သိန်းစိုးကော်မရှင်ကစိစစ်ပြီးမှသာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။
မေလ ၁၄ ရက်နေ့ မြန်မာ့အလင်းသတင်းစာပါသတင်းအရဆိုလျှင် ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက် ထားသည့်ပါတီ (၁၃) ပါတီအနက် (၄) ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင်အဲဒီ နိုင်ငံရေးပါတီ (၄)ပါတီကလည်း “နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၄/၈၈) အရ တည် ရှိနေသောပါတီများ(ဒီချုပ်အပါအဝင် ၁၀ ပါတီရှိပါသည်) အနက်”မှ သိန်းစိုးကော်မရှင်တွင် “နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်ခွင့်” လာရောက်လျှောက်ထားကြတဲ့ ပါတီများဖြစ်ပါတယ်။ “နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်ခွင့်”လျှောက်ထားသည့်ပါတီ  (၅) ပါတီ ရှိပါတယ်။
နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီအဖွဲ့အစည်း
                                          (ယခင် ၁၀ ပါတီ အနက်မှ )
စဉ်
လျှောက်ထားသည့်နေ့
ပါတီအဖွဲ့အစည်းအမည်
၁။
၂၉ မတ်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)
၂။
၈ ဧပြီ
ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်
ကော်မရှင်က စိစစ်နေဆဲ
၃။
၉ ဧပြီ
မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ (မခမညဖ)
MRO  OR KHAMI NATIONAL SOLIDARITY ORGANIZATION (MKNSO)
၎။
၂၃ ဧပြီ
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၅။
၃၀ ဧပြီ
ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ
“နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်ခွင့်”လျှောက်ထားသည့်ပါတီ(၅)ပါတီ အနက်မှ (၄) ပါတီကို ကော်မရှင်က မှတ်ပုံတင် ခွင့်ပြုခဲ့ပါတယ်။
  ပါတီ (၅) ပါတီကို သိန်းစိုးကော်မရှင်က ကြေညာချက်ထုတ်ပြန်ပြီး မှတ်ပုံတင်အမှတ်စဉ်(၁) မှ (၅) အထိ အစဉ်လိုက်ချမှတ်ပေး ပြီး မှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။သို့ပါ၍ယနေ့အချိန်(မေလ ၁၄ ရက်) အထိ တရားဝင်မှတ်ပုံတင်ထားသည့်နိုင်ငံရေးပါတီ အရေအတွက် စုစုပေါင်း မှာ(၅)ပါတီ သာရှိပါတယ်။
 မှတ်ပုံတင်ခွင့်ရရှိသည့် ပါတီ (၅) ပါတီမှာ

နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုခြင်း
စဉ်
ပါတီအဖွဲ့အစည်းအမည်
မှတ်ပုံတင်အမှတ်
မှတ်ပုံတင်ခွင့်ပြုသည့်နေ့
၁။
မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ (မခမညဖ)
MRO OR KHAMI NATIONAL SOLIDARITY ORGANIZATION (MKNSO)
အမှတ်( ၁)
၂၀၁၀ ဧပြီလ ၂၈ ရက်
၂။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
အမှတ်(၂)
၂၀၁၀ ဧပြီလ ၂၉ ရက်
၃။
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ 
အမှတ်(၃)
၂၀၁၀ ဧပြီလ ၂၉ ရက်
၎။
ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ
အမှတ် (၄)
၂၀၁၀ မေလ ၇ ရက်
၅။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
အမှတ် (၅)
၂၀၁၀ မေလ ၁၃ ရက်
သို့ပါ၍ (နအဖ)ပြောခွင့်ရအာဏာပိုင်အဖွဲ့ခေါင်းဆောင်/ ပြန်ကြားရေးဝန်ကြီးဌာန၊ဝန်ကြီး ဦးကျော်ဆန်း ပြောသွားတာကို သတိမမူ ဘဲ  နားလည်လိုက်မည်ဆိုလျှင် သိန်းစိုးကော်မရှင်က “ပါတီပေါင်း (၃၆) ပါတီ” မှတ်ပုံတင်ခွင့်ပြုထားသလိုဖြစ်နေပါတယ်။
အမှန်စင်စစ်မှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေများထုတ်ပြန်ချိန် (မတ်လ ၈ ရက်) ကနေစပြီး မေလ (၁၄) ရက်နေ့အထိ ၃ လ ကျော်ကြာ  ကာလအတွင်းမှာ “သိန်းစိုးကော်မရှင်”က (နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၉) နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက် သည်) နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သည့်ပါတီအရေအတွက်မှာ (၅) ပါတီပဲရှိပါတယ်။
နိုင်ငံရေးပါတီ (၄)ပါတီကလည်း “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၄/၈၈) အရ တည်ရှိနေသော ပါတီများသာဖြစ်ပြီး။ ၂၀၁၀ပြည့်နှစ်၊မေလ(၈)ရက်နေ့က ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲဆိုင်ရာဥပဒေများအရ သိန်းစိုးကော်မရှင်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားကြသည့်အဖွဲ့များကို မှတ်ပုံတင်ခွင့်ပြုတာ ယနေ့အချိန်အထိ မတွေ့ရသေးပါ။
ဒါ့အပြင် ဧပြီလ (၅) ရက်နေ့၊ ရက်စွဲဖြင့် “နိုင်ငံရေးပါတီ တည်ထောင်ခွင့်” လျှောက်ထားသည့်  ယခင်(ကေအိုင်အို) ခေါင်းဆောင် (ဟောင်း) ဒေါက်တာမနမ်တူးဂျာ ပါ(၁၅) ဦး၊  ဦးဆောင်သည့် “ကချင်ပြည်နယ်တိုးတက်ရေးပါတီ” (KSPP)၊  ဧပြီ(၂၃) ရက်စွဲဖြင့် “နိုင်ငံရေး ပါတီတည်ထောင်ခွင့်” လျှောက်ထားသည့်  “ရှမ်းပြည်နယ်မြောက်ပိုင်းတိုးတက်ရေးပါတီ” (Northern Shan State Progressive Party) နှင့် ဧပြီ(၃၀)ရက်စွဲဖြင့် “နိုင်ငံရေးပါတီတည်ထောင်ခွင့်” လျှောက်ထားသည့် “ညီညွတ်သောဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)” United Democracy Party (Kachin State) တို့က တည်ထောင်ခွင့် လျှောက်ထားသည်ကို သိန်းစိုးကော်မရှင်က ယနေ့အထိ ခွင့်ပြုခြင်းမရှိသေးတာလေ့လာတွေ့ ရှိရပါတယ်။
သိန်းစိုးကော်မရှင်မှာ လျှောက်ထားလိုက်ရုံနဲ့ နိုင်ငံရေးပါတီမဖြစ်နိုင်ပါဘူး။ ပထမအဆင့်အဖြစ်ကော်မရှင်တွင်“နိုင်ငံရေးပါတီ တည် ထောင်ခွင့်” စတင်လျှောက်ထားရပါမယ်။ ကော်မရှင်က တည်ထောင်ခွင့်လျှောက်ထားချက်များကို စိစစ်ပြီး ခွင့်ပြုမှာဖြစ်ပါတယ်။
 ယင်းသို့ ကော်မရှင်ခွင့်ပြုချက်ရရုံနဲ့လည်း နိုင်ငံရေးပါတီ မဖြစ်သေးပါ။ ဒုတိယအဆင့်အဖြစ် ရက်ပေါင်း ၃၀ အတွင်းကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပေးပါရန်ထပ်မံလျှောက်ထားရအုံးမှာဖြစ်ပါတယ်။ ယင်းလျှောက်ထားချက်ကို ကော်မရှင်ကစိစစ်ပြီးမှသာ မှတ်ပုံ တင်ခွင့်ရရှိပြီးနိုင်ငံရေးပါတီဖြစ်လာမှာပါ။ ရခဲလှတဲ့ ဒုလ္လဘတရားတွင် နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ရေးကို ထည့်သွင်းရမယ်ထင်ပါတယ်။
ကြံ့ဖွံ့ပါတီကလွဲလို့ နိုင်ငံရေးပါတီများအဖို့ မှတ်ပုံတင်ရဖို့အဆင့်မှာပဲ အခက်အခဲအတားအဆီး အကန့်အသတ်တွေက များပြားလွန်း လှပါတယ်။
“လက်ရှိဝန်ကြီးများက “ကြံ့ဖွံ့ပါတီ”ထောင်ခြင်းမှာ ဥပဒေနဲ့ညီညွတ်ပါတယ်/ဝန်ကြီးများဟာ နိုင်ငံဝန်ထမ်းမဟုတ်ဘဲPolitical Post သာဖြစ်ပါတယ်/ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများပြီးစီးပါက ရွေးကောက်ပွဲကျင်းပမည့်နေရက်ကြေညာသွားမယ်/ နိုင်ငံတကာ လေ့လောရေးအဖွဲ့များ လာရောက်ရန်လိုအပ်မည်မဟုတ်” တဲ့။ 
ဤ အချက်များကို ကော်မရှင်ဥက္ကဋ္ဌကြီးဦးသိန်းစိုး က Mr. Kurt Campbell တို့အဖွဲ့ကို ပြောကြားလိုက်တယ်ဆိုတာနဲ့ နိဂုံးချုပ် လိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts