>Draught in Inn Lay Lake worsen day by day

>

အင်းလေးဒေသ ရေခန်းခြောက်မှု နေ့စဉ်နှင့်အမျှ ပိုမိုဆိုးဝါး

ဓာတ်ပုံသတင်း – ဘားမားပါပါရာဇီ
မေ ၁၅၊ ၂၀၁၀
ယခင်လကတည်းက အင်းလေးကန် ရေပေါ်ဈေးနေရာရှိ ရေများ ခန်းခြောက်လာသည့်သတင်း ပြည်တွင်းဂျာနယ်များတွင် ဖော်ပြပြီး မကြာမီတွင် အင်းလေးကန်ဒေသအနီးရှိ ရွာများ၊ အိမ်များကြားတွင် လည်ပတ်နေသည့် ရေများမှာ ခန်းခြောက်လျက် ရှိသည်ကို တွေ့ကြရသည်။ ဓာတ်ပုံတွင် ဖောင်တော်ဦးအရပ်အနီးက ခြေတံရှည်အိမ်ရပ်ကွက်များကြားက လှေများဖြင့်သွားကြသည့် ရေလမ်းကြောင်းများ ခန်းခြောက်နေသည်ကို တွေ့ရသည်။

ပြည်တွင်းရှိ ပညာရှင်များက ဝေဖန်ပြောဆိုကြရာတွင် – ရာသီဥတုများ ဖောက်ပြန်ခြင်း၊ မိုးခေါင်ခြင်း၊ မြေအောက်ရေများ ခမ်းခြောက်ခြင်းတို့ကြောင့် သုံးရေများ ရှားပါးလာကြောင်း၊ ရရှိနေသေးသည့် မြစ်ရေ၊ ချောင်းရေ၊ မိုးရေနှင့် တွင်းရေတို့မှာလည်း “သောက်”ရေအဖြစ် အဆင့်မီသော သန့်ရှင်းသည့် ရေအဖြစ် မရရှိတော့ကြောင်း၊ ထို့အပြင် မြစ်များ၊ ချောင်းများကို ပိတ်ဆို့ပြီး ဆည်များ၊ ရေကာတာများနှင့် လျှပ်စစ်ဓာတ်အားစီမံကိန်းများ မဆင်မခြင် ဆောက်ခြင်းများကြောင့်လည်း ဖြစ်ကြောင်း ပြောဆိုကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts