>Water Shortage and diarrhea in Pegu and Wall township

>

ပဲခူးနဲ့ ဝေါမြို့နယ်များတွင် ရေကားအစီး ၅၀၀ ကျော် လှူဒါန်းခဲ့၊ ပဲခူးဆေးရုံမှာ ၀မ်းပျက်လူနာများပြား
သတင်းရင်းမြစ် – ဦးအေးမြင့်နဲ့ လမ်းပြကြယ်
မိုးမခ အထောက်တော် ၀၀၃
မေ ၁၃၊ ၂၀၁၀
ပဲခူးမြို့နယ်က အင်န်အယ်ဒီပါတီဝင်များကလည်း ပဲခူးနဲ့ ဝေါမြို့နယ်တ၀ိုက် ရေပေးလှူခြင်းလုပ်ငန်းများတွင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။
ရာသီဥတုပျက်ခြင်း၊ ရေရှားပါးခြင်းတို့ကြောင့် ဒေသခံများ ၀မ်းပျက်၊ ၀မ်းလျော ဖြစ်နေကြသည်ဟု ဆိုသည်။ ပဲခူးဆေးရုံတွင် လူနာ အများအပြား ရောက်ရှိနေသည်ကို တွေ့ရသည်။
ဝေါမြို့နယ် ဧကရာဇ်ကျေးရွာအနီးတွင် ရ၀တ၊ လုံခြုံရေးရဲများက ကင်းစခန်းဖွင့်ပြီး ထိုရေလှူရန်လာသော ကားများကို ဓာတ်ပုံရိုက်ခြင်း၊ စာရင်းကောက်ခြင်းများ ပြုလုပ်နေသည်ကို ယနေ့တွင် တွေ့ရကြောင်း သိရှိရသည်။
ထိုသို့ အာဏာပိုင်တို့၏ အနှောက်အယှက်များကြားထဲမှ ဖြတ်ကျော်ပြီး နေ့ခင်းမတိုင်မီတွင် ရေကားအစီးပေါင်း ၅၀၀ ကျော်ဖြင့် ပေးလှူခဲ့ကြသည်ဟု ဆိုသည်။
ဝေါမြို့နယ် သို့ ပဲခူးမြို့၊ နန်းတော်ရပ်က ဆရာဝန်အဖွဲ့ကလည်း နေ့ခင်းတွင် ဆေးကုသရန် ထွက်ခွာမည်ဟုလည်း ကြားသိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts