>Artist Than Myint Aung passed away suffering heat stroke

>

ပန်ချီ သန်းမြင့်အောင် ကွယ်လွန်
မိုးမခ ၀မ်းနည်းမှတ်တမ်း
မေ ၁၂၊ ၂၀၁၀

ရန်ကုန်မြို့၏ ပြင်းထန်သော အပူဒဏ်ကြောင့် ပန်းချီ အနုပညာရှင် ကိုသန်းမြင့်အောင် ကွယ်လွန်သွားကြောင်း နာရေးကူညီမှု အသင်း၏ ဦးဆောင်သူ၊ အနုပညာရှင် ကိုကျော်သူ၏ အကြောင်းကြားချက်အရ ကြားသိရသဖြင့် မိုးမခက ၀မ်းနည်း မှတ်တမ်း ပြုလိုက်ပါသည်။

မေလ ၁၁ ရက် ညနေ ၃ နာရီ ခွဲက ကွယ်လွန်ခဲ့ကြောင်း၊ မေလ ၁၃ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန် ဆေးရုံကြီး အအေးခန်းမှ ရေဝေး သုဿန်သို့ သယ်ဆောင် သဂြိုင်္ဟ်မည် ဖြစ်ကြောင်း သိရှိရသည်။
အနုပညာရှင် အသိုင်းအ၀ိုင်းတွင် စာနယ်ဇင်း ပန်းချီဆရာတဦး အဖြစ် လူသိများသော ပန်းချီဆရာ သန်းမြင့်အောင် ဖြစ်သည်။ အနုပညာသည် ပန်းချီဆရာများ၊ ကဗျာဆရာများ စုဝေး၍ နာဂစ်အတွက် အနုပညာအလှူဒါန လှုပ်ရှားမှု ဆောင်ရွက်ခဲ့စဉ်က ပန်းချီသန်းမြင့်အောင်သည်လည်း စီစဉ်သူတဦး အဖြစ် ဆောင်ရွက်ခဲ့သည်။ (ပန်းချီသန်းမြင့်အောင်သည် နာရေးကူညီမှု အသင်းမှ စာရေးဆရာမ သန်းမြင့်အောင် မဟုတ်ပါ)
ဓာတ်ပုံမှာ ထိုစဉ်က အခမ်းအနားတွင် တွေ့ရသော ပုံ ဖြစ်သည်။ ထိုစဉ်က မိုးမခ တင်ဆက်ခဲ့သော ဓာတ်ပုံသတင်းကို သည်နေရာမှာ ပြန်ကြည့်နိုင်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts