Uncategorized

Medical Governance and Humanity

ဆေးလောကစီမံခန့်ခွဲမှုနှင့် လူသားဝါဒဆေးပညာ (Medical Governance and Humanity) သင်တန်း ဇွန် ၁၇ မှ ၁၉  တွင် ကျင်းပ၊ 
မိုးမခရွာဆော်ကြီး၊ ဇွန် ၁၇၊ ၂၀၁၃

       မြန်မာနိုင်ငံဆရာဝန်အသင်း အထွေထွေရောဂါကုဆရာဝန်များအဖွဲ့- ကျင့်ဝတ်ရေး ရာကော်မီတီမှပြုလုပ်သော ဆေးလောကစီမံခန့်ခွဲမှုနှင့် လူသားဝါဒဆေးပညာ (Medical Governance and Humanity)သင်တန်းကို ဇွန်လ ၁၇ ရက်၊ ၁၈ ရက် နှင့် ၁၉ ရက်နေ့များ တွင် မြန်မာနိုင်ငံ ဆရာဝန်အသင်းတိုက်တွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားပါသည်။
       ပထမနေ့တွင် ဒေါက်တာမြင့်ဦး(ဂျီပီ) မှ ဆေးလောကစီမံခန့်ခွဲမှုနှင့် လူသားဝါဒဆေး ပညာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အငြိမ်းစားအတိုင်ပင်ခံ ဒေါက်တာ ဘရွှေမှ လူနာဘေးကင်း လုံခြုံရေး (Patient Safety)၊ အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာကျော်လှမြင့်မှ လူနာဆ ရာဝန်ဆက်ဆံရေး( Patient-Doctor Relationship)အကြောင်းကို ဦးဆောင်ဆွေးနွေးရန်စီစဉ် ထားပြီး။ ဒုတိယနေ့တွင် ဒေါက်တာဘရွှေမှ လူတိုင်းကျန်းမာပိုင်ခွင့် (Right to Health)၊  ဒေါက်တာမြင့် ဦး (ဂျီပီ)မှ သမားဂုဏ်ရည်နှင့်လူသားသိက္ခာ (Medical Professionalism and Human Dignity)၊ ခေါင်းစဉ်ဖြင့် ဆွေးနွေးကြမည်ဖြစ်ပါသည်။ 
ထို့အပြင် သင်တန်းတက်ရောက်လာ သောဆရာဝန်များအား   ပြင်သစ်နိုင်ငံရှိ ကမ္ဘာ့ဆရာ ၀န်အသင်းကြီးနှင့် အမေရိကန်နိုင်ငံ  ဘော်စတွန်မြို့ရှိ လူ့အခွင့်အရေးစောင့် ရှောက်သော ဆရာဝန်များအဖွဲ့သို့ အွန်လိုင်းမှသွားရောက်လည်ပတ် (Virtual Tours)နိုင်ရန်စီစဉ်ထား သည်ဟုသိရှိရပါသည်။
       နောက်ဆုံးနေ့တွင် စိမံခန့်ခွဲမှုထိန်းချုပ်ခြင်း (Change Management )ဘာသာရပ်ကို အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ဝင်းမြင့်မှလည်းကောင်း၊ လူသားမဆန်ညှင်းပန်း မှုများကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲကျန်းမာရေးပြသာနာများ (Medical Consequences of Inhuman Treatment)အကြောင်းကို ဒေါက်တာမြင့်ဦး (ဂျီပီ)မှ လည်းကောင်း ဆွေးနွေးမည်ဖြစ်ပါသည်။
     ဆရာဝန် အယောက် ၄၀ သာလက်ခံသည့် အဆိုပါသင်တန်းသည်  ဆေးလောက အတွင်း ကောင်းမွန်သော စီမံအုပ်ချုပ်မှု ( Good Governance) ပေါ်ပေါက်လာစေရန်၊ အကြင်နာတရားနှင့်စာနာထောက်ထားမှုများ တိုးပွားလာစေရန်၊ လူသားမဆန်ပြုမူများကို တားဆီးကာကွယ်နိုင်စေရန်နှင့် လူသားဝါဒဆေးပညာကို အသုံးချပြီး လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သော ဆရာဝန်များပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ် သည်ဟု သိရှိရပါသည်။ မန္တလေးမြို့နှင့် ပုသိမ်မြို့များတွင် ဆက်လက်ကျင်းပရန်စီစဉ် ထားသည်ဟုလည်းဆိုပါသည်။ 
အစီအစဉ်အသေးစိတ်ကို  ပူးတွဲစာတွင် ကြည့်ရှုနိုင်ပါသည်။

ဆေးပညာကျင့်ဝတ်ကော်မီတီ
အထွေထွေရောဂါကုဆရာဝန်များအဖွဲ့
မြန်မာနိုင်ငံဆရာဝန်အသင်း

Dr. Myint Oo
Adjunct Assistant Professor
Tufts University School of Medicine
Department of Public Health and Community Medicine
136 Harrison Avenue
Boston, MA 02111. USA.

Director
Win Family Health Clinic
44 Saddan Street, Ahlone, Yangon, Myanmar.
Tel: 95-1-220518
Meet Dr. Myint Oo at SRF website: http://www.scholarrescuefund.org/pages/posts/dr.-myint-oo66.php
Read Dr. Myint Oo’s articles in the University World News magazine:
http://www.universityworldnews.com/article.php?story=20120815153301285http://www.universityworldnews.com/article.php?story=20121204143247975


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts