ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကုသိုလ်မှတ်စု
နာရေးကူညီမှုအသင်း (ရန်ကုန်)
ဇွန် ၁၇၊ ၂၀၁၃
● အန္တိမမျက်ရည်တို့ဖြင့် ဦးခိုက်ပူဇော်ခြင်း
၁၂.၆.၂ဝ၁၃ ရက်နေ့တွင် ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓသာသနာတော်အတွက် အစားထိုး၍မရသော ဆုံးရှုံးမှုတစ်ရပ်အား ကြုံတွေ့ခံစားခဲ့ရသော နေ့ရက်တစ်နေ့ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုရသော် ရန်ကုန် မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၄၈) ရပ်ကွက်၊ စိန္တကျော်သူ ဦသြလမ်းရှိ ရန်ကုန်သုဝဏ္ဏဘူမိ ခေမာရာမနှင့် သထုံခေမာရာမ သီလရှင်စာသင်တိုက်တို့၏ ပဓာနနာယက ဆရာကြီး ဒေါ်ကုသလစာရီ (သာသန ဇောတိပါလ ဓမ္မာစရိယ၊ သာသနဟိကာရီ ဓမ္မာစရိယ(အာဒိကမ္မိက)၊ သဒ္ဓမ္မဟိတ ဓမ္မာစရိယ၊ သာသနဓဇ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတနှင့် မြောက်ဒဂုံမြို့နယ်၏ သီလရှင်ဥက္ကဌ ဖြစ်တော်မူသော သက် တော် (၆၈) သိက္ခာတော် (၅ဝ) ဝါရှိ သီလရှင်ဆရာကြီး ဒေါ်ကုသလစာရီသည် ၁ဝ.၆.၂ဝ၁၃ ရက်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူပြီး ၁၂.၆.၂ဝ၁၃ ရက်နေ့တွင်  အန္တိမအဂ္ဂိဈာပနအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် အထူးနိဗ္ဗာန်ယာဉ်ဖြင့် စံကျောင်းတော်မှ ရေဝေးသုဿန်သို့ ပင့် ဆောင်၍ အန္တိမအဂ္ဂိဈာပန ပူဇော်ကျင်းပမည်ဖြစ်ပါသည်။ 
သီလရှင်ဆရာကြီး ဒေါ်ကုသလစာရီသည် ၁ဝ. ၆.၂ဝ၁၃ ရက်နေ့ ည (၉းဝဝ) နာရီအချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ရုပ်ကလပ်အားစံ ကျောင်း တော်တွင် အပူဇော်ခံထားရှိနိုင်ရန် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လေအေးစနစ်သုံး (Cool Box) ဖြင့် သွားရောက်၍ ပြင်ဆင်ကုသိုလ်ပြုခဲ့ကြသည်။ သီလရှင်ဆရာကြီး ဒေါ်ကုသလစာရီ ဗုဒ္ဓသသနာတော်ကြီး အတွက် ကြီးစွာသောဆုံးရှံးမှုကြီးဖြစ်သလို နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် များစွာနစ်နာဆုံးရှံးမှု တစ်ရပ်ဖြစ်သည်ဟု ခံယူမိသည်။
   

 

ဆရာကြီး ဒေါ်ကုသလစာရီသည် “သုဝဏ္ဏဘူမိ ခေမာရာမစာသင်တိုက်ကြီး”အား တည်ထောင် ဖွင့် လှစ်နိုင်ခဲ့ပြီး သီလရှင် (၅ဝ) ကျော်တို့နှင့်အတူ သီတင်းသုံးနေထိုင်၍ မူ၊ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယ တန်းနှင့် သီလရှင်အကျော်၊ စာဝါများ သင်ယူပို့ချခဲ့သော သီလရှင်ဆရာကြီးဖြစ်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အနန္တဂုဏ်အင် မြတ်ကျေးဇူးရှင် ထေရ်ဆရာကြီးဖြစ်သည်။ ၂ဝ၁၂ ခုနှစ် မဟာသင်္ကြန်ရက် အတွင်း၌ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ်အမျိုးကောင်းသမီးငယ်တို့ လူမှုရေးလုပ်ငန်းများ အားပေးဆပ်ရင်း တဖက်မှလည်း မဟာသင်္ကြန်ရက်များအတွင်း မြင့်မြတ်သော သာသနအနွယ်ဝင် သီလ ရှင်ဘဝအား မြတ်နိုးစွာခံယူကြရာ၌ ဆရာကြီး၏ကျောင်းတွင် သီလရှင်အဖြစ် ချီးမြှောက် သွတ်သွင်းပေးခဲ့ သော သာသန မိခင်ကြီးလည်းဖြစ်သည်။ ထိုကဲ့သို့ သာသနာအနွယ်ဝင် သီလရှင်ဘဝသို့ ချီးမြှောက်ပေးရုံ မျှမက တသက်တာထာဝရ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြံနေထိုင်တက်ကြစေရန် ပဲ့ပြင်သွန် သင်ဆုံးမလမ်းပြ ပေးခဲ့သော သုဝဏ္ဏဘူမိ ခေမာရာမစာသင်တိုက်၏ ပဓာနနယက ဆရာကြီး၏ ကြီးမားသော မေတ္တာတရား နှင့် ဂုဏ်တော်ကျေးဇူးတော်တို့အား အောက်မေ့လျှက် ဆရာကြီးဘုရား၏ ဆွေတော်မျိုးတော် တပည့်သား သမီးများတို့ ပူဆွေးဝမ်းနည်းရသလို တပည့်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း ဆရာကြီး ၏ နောက်ဆုံးအန္တမအဂ္ဂိဈာပနအား နှမြောတသသယူကြုံးမရ တမ်းတကာ အန္တိမမျက်ရည်တို့ဖြင့် ဦးခိုက် လိုက်ရပါသည် ဘုရား……။ 
+++++
● ဓမ္မဗျူဟာ၏ မေတ္တာရေစင်
ကျွန်တော်တို့၏ မြန်မာနိုင်ငံသည် ထေရဝါရဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်နှင့်အညီ ဗုဒ္ဓသာသနာတော် အား တိုးတက်ပြန့်ပွားစေရန် အင်တိုက်အားတိုက် ဆောင်ရွက်နေသော “ဓမ္မဗျူဟာ”ဆိုလျှင် မိဘပြည်သူ တို့ မသိသူ မရှိသလောက်ပင် ဖြစ်ပေလိမ့်မည်။  ထိုဓမ္မဗျူဟာအသင်းကြီးသည် ဗုဒ္ဓစာပေနှင့် ယဉ်ကျေးမှု တို့ကို ပြန်ပွားစေရန် ဆောင်ရွက်နေသော အသင်းကြီးလည်းဖြစ်သည်။ “ဓမ္မဗျူဟာ”ဟု ဆိုလိုက်လျှင် လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မစာပေ သင်တန်းမှူး ဒေါ်ခင်လှတင် (မဟာသဒ္ဓမ္မဇောတိကဓဇ) အားလည်း မိဘ ပြည်သူများ သိရှိကြမည်ဖြစ်လေသည်။ ဓမ္မဗျူဟာ ဒေါ်ခင်လှတင်သည် ဗုဒ္ဓ၏သာသနာတော် ပြန်ပွားရေး အတွက် စွမ်စွမ်းတမံ ဆောင်ရွက်ခဲ့ခြင်းကြောင့် (မဟာသဒ္ဓမ္မဇောတိကဓဇ) ဘွဲ့အား ချီးမြှင့်ခြင်းခံခဲ့ရသည်။ ဒေါ်ခင်လှတင်သည် ဘာသာသာသနာအတွက်သာ ကြိုးစားဆောင်ရွက်နေခြင်းမဟုတ် လူမှုရေးလုပ်ငန်း များအတွက်ပါ အားတက်သရော ရှေ့ဆောင်လမ်းညွှန် ဦးစီးဦးရွက်ပြုနေသူ တစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓစာပေယဉ်ကျေးမှုနှင့် လူမှုရေးလုပ်ငန်းများအား စွမ်းစွမ်းတမံ ပေးဆပ်နေသော ဓမ္မဗျူဟာ ဒေါ်ခင်လှတင်သည် မွန်မြတ်သောခြေလှမ်းတို့ဖြင့် အများပြည်သူအား ကိုယ်ကျိုးမဖက် အနစ်နာခံကာ ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရောက်ရှိလာခဲ့ပါတော့သည်။

ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်) ပြည်သူလူထုတို့၏ နာရေး၊ ကျန်းမာရေး၊ စစ်ဘေးနှင့် သဘာဝဘေးတွင် အပါအဝင်တစ်ခုဖြစ်သော သောက်သုံးရေရှားပါးရာ နေရာဒေသများတွင် ရေရရှိ ရေးအတွက် သောက်သုံးရေ အဝီစိတွင်းများ တူးဖော်ပေးလျှက်ရှိရာ ယခုအခါ ပုဂံညောင်ဦးဒေသတွင်းရှိ ရေအခက်အခဲဖြစ်နေကြသော ကျေးရွာများတွင် အဝီစိစက်ရေတွင်းများကို တူးဖော်ပေးလျှက်ရှိသည်။ ထို ရေရှားပါးရာဒေသများသို့ သောက်သုံးရေ အဝီစိတွင်းများ ထပ်မံ၍ ထူးဖော်ပေးနိုင်ရန်အတွက် ၅.၆.၂ဝ၁၃ ရက်နေ့တွင် ဓမ္မဗျူဟာ ဒေါ်ခင်လှတင်(မဟာသဒ္ဓမ္မဇောတိကဓဇ)နှင့် ဆရာ/ဆရာမများ သင်တန်းသား/ သူများမှ စုပေါင်း၍ ၈၉၆၅ဝဝိ/- (ရှစ်သိန်းကိုးသောင်းခြောက်ထောင်ငါးရာ) ကျပ်တိတိ အားလာရောက် လှူဒါန်းခဲ့သည်။ ထို့အပြင် ၂၇.၅.၂ဝ၁၃ ရက်နေ့တွင်လည်း ဓမ္မဗျူဟာ ဒေါ်ခင်လှတင်နှင့် သင်တန်းဆရာ/ ဆရာမများ သင်တန်းသား/သူများမှ စုပေါင်း၍ ၁ဝ၁၂ဝဝဝဝိ/- (တစ်ရာ့တစ်သိန်းနှစ်သောင်း) ကျပ်တိတိ အား ထပ်မံ၍ လာရောက်လှူဒါန်းခဲ့ပြန်သည်။ ဓမ္မဗျူဟာ ဒေါ်ခင်လှတင်နှင့် သင်တန်းဆရာ/ဆရာမများ သင်တန်းသူ/သားများ၏ လှူဒါန်းငွေကျပ် စုစုပေါင်း ၁၁ဝ၁၆၅ဝဝိ/- (တစ်ရာ့တစ်ဆယ်တစ်သောင်း ခြောက်ထောင့်ငါးရာ) ကျပ်တိတိဖြစ်ပြီး ထိုလှူဒါန်းငွေအားလုံးအား ရေရှားပါးရာဒေသများတွင် အဝီစိ ရေတွင်းများ တူးဖေါ်ခြင်းလုပ်ငန်းတွင် အသုံးပြုသွားမည်ဖြစ်သည်။
ထို့ကြောင့် “ရွှေကိုမလို ရေကိုသာလိုကြသည့်” သောက်သုံးရေ ရေရှားပါးရာဒေသရှိ မိဘပြည်သူ အပေါင်းတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူ မေတ္တာရေစက်နှင့် ဂရုဏာရေစင်များ ဖြန်းပက်စီး ဆင်းပေးခဲ့သော “ဓမ္မဗျူဟာ” လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မစေပေသင်တန်းကျောင်းမှ သင်တန်းမှူး ဒေါ်ခင်လှ တင် (မဟာသဒ္ဓမ္မဇောတိကဓဇ)နှင့် သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသူ/သားများတို့၏ မြင့်မြတ် လှသော ရေကုသိုလ်တော်ကြီးအား မြန်မာပြည်အရပ်ရပ်ရှိ မိဘပြည်သူ ကမ္ဘာအဝှမ်းရှိ ကမ္ဘာ့ပြည်သူ အပေါင်းတို့အား ဖြန့်ဝေအသိပေး မုဒိတာပွားစေရင်း ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အတူ ရေရှားပါးဒေသ ရေရှိရေးအတွက် လက်တွဲကူညီကြရင်း မေတ္တာရေစင် ဂရုဏာရေစင်များ ပက်ဖြန်း ကြပါစို့ဟု နှိုးဆော်အပ်ပါသည်ခင်ဗျား။ 
+++++
● ICUC ၏ နိဗ္ဗာန်ယာဉ်အလှူ
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ်နှင့်အမျှ ပိတ်ရက်မရှိ အများပြည်သူတို့၏ နာရေးကိစ္စ များအား နိဗ္ဗာန်မော်တော်ယာဉ် (၁၈) စီးဖြင့် တနေ့ပျမ်းမျှ နာရေးပေါင်း (၄ဝ) ကျော်တို့အား သယ်ယူ ပို့ဆောင်သင်္ဂြိုလ် ပေးလျှက်ရှိသည်။ နိဗ္ဗာန်ယာဉ်တစ်စီးလျှင် တနေ့ပျမ်းမျှ သုံးခေါက်မှ လေးခေါက်အထိ ပြေးဆွဲ သယ်ယူပေးနေရသည်။ သို့သော် ယခုအချိန်တွင် ရန်ကုန်မြို့တော်ကြီးတွင် မော်တော်ယာဉ်များ တိုးတက်များပြားလျှက်ရှိရာ ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ်ကြုံတွေ့နေရသလို နိဗ္ဗာန်ယာဉ်များသည် လည်း ခရီးမတွင်သည့်အပြင်  နားရေးရှင်၏အိမ်သို့ အချိန်မှီမရောက်နိုင်တော့သည်။ ထို့ကြောင့် နိဗ္ဗာန် ယာဉ်များ ထပ်မံဝယ်ယူ ဖြည့်တင်းရန် လိုအပ်လာပါတော့သည်။ သို့သော် နိဗ္ဗာန်ယာဉ်ဝယ်ယူနိုင်ရေးမှာ ကားတစ်စီးလျှင် ကျပ်သိန်း ရာဂဏာန်းကျော်မှ ရနိုင်သလို အသင်းအနေဖြင့် နာရေးကိစ္စတစ်ခုတည်း သာ မဟုတ်ပဲ မိဘပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝဘေးစစ်ဘေးတို့အပြင် နယ်မြို့များရှိ အသင်းအဖွဲ့များအား နာရေးယာဉ်၊ မီးသင်္ဂြိုလ်စက်၊ နိဗ္ဗာန်ရေယာဉ်၊ စာသင်ကျောင်းဆောက်လုပ် လှူဒါန်း ခြင်းများနှင့် သုခဆေးခန်းခွဲများဖွင့်လှစ်ခြင်း၊ ကိုယ်ထူကိုယ်ထ ဆေးခန်းများအား ဆေးဝါးနှင့်ငွေကြေးများ လစဉ်ထောက်ပံ့ပေးခြင်းတို့အား ဆောင်ရွတ်ပေးလျှက်ရှိရာ ကျပ်သိန်းပေါင်း ရာဂဏာန်းသုံးစွဲ၍ နိဗ္ဗာန် ယာဉ်များ ထပ်မံဝယ်ယူနိုင်ရေးမှာ အများပြည်သူတို့လှူဒါန်းထားသောအလှူငွေအား ချင့်ချိန်သုံးစွဲ နေရ လေသည်။ သို့သော်လည်း နိဗ္ဗာန်ယာဉ်ဝယ်ယူနိုင်ရန် ကြိုးပမ်းနေစဉ်၌ ယခုကဲ့သို့ နိဗ္ဗာန်ယာဉ် အလှူရှင် များပေါ်ပေါက်လာသဖြင့်  နာရေးကူညီမှု လမ်းကြောင်းများတိုး၍ ကူညီပေးနေရမှုများနှင့် ယာဉ်ကြောပိတ် ဆို့မှုများကြောင့် နိဗ္ဗာန်ယာဉ်မလုံလောက်မှု ပြဿနာအတွက် စိတ်သက်သာရာ ရခဲ့လေပြီဖြစ်သည်။

 

အဆိုပါနိဗ္ဗာန်ယာဉ် အလှူရှင်များမှာ (ICUC Golfer Group)မှ ပရဟိတအလှူရှင်များ စုပေါင်း၍ ကျပ်သိန်းပေါင်း (၁၆၅) သိန်းတန်ဖိုးရှိသော (TOYOTA Hilux–D4D 2007 Model) အမျိုးအစား မော်တော်ယာဉ်အား နိဗ္ဗာန်ယာဉ်အဖြစ်အသုံးပြုရန် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လှူဒါန်းပွဲအား မရမ်းကုန်း မြို့နယ် ရှစ်မိုင်လမ်းဆုံအနီးရှိ ပေါက်စေတီဘုန်းကြီးကျောင်း၌ ၁၅.၆.၂ဝ၁၃ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီ အချိန်တွင်ပြုလုပ်ခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့် ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့မှ တက်ရောက်၍ လက်ခံရယူကြပြီးနောက် အလှူရှင်များနှင့်အတူ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချတရား နာယူခဲ့ကြသည်။ ထို့နောက် အလှူရှင်များနှင့်အတူ မှတ်တမ်းဓါတ်ပုံ ရိုက်ကြပြီး အသင်း၏ ဆောင်ရွက်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ အလှူရှင်များမှ ဆရာတော် များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး မော်တော်ယာဉ်လှူဒါန်းပွဲ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တော့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ICUC Golfer Group မှ လှူဒါန်းခဲ့သော မော်တော် ယာဉ်ဖြင့် အသင်း၏ နာမှုနှင့်လူမှုကူညီရေးလုပ်ငန်းများအား ဖြည့်စွက်လုပ်ဆောင်ပေးနိုင်တော့မည်ဖြစ် သည်။ ထိုကဲ့သို့အများပြည်သူတို့၏ နာရေးနှင့်ပတ်သက်သော ကိစ္စရပ်များအား လျှင်မြန်ချောမွေ့စွာ ကူညီမှုပေးနိုင်ရန်အတွက် နိဗ္ဗာန်မော်တော်ယာဉ် လှူဒါန်းပေးခဲ့သော ICUC Golfer Group အား အများ ပြည်သူတို့ကိုယ်စား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးသမားများအနေဖြင့် ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်မိရင်း မြင့်မြတ်လှသော လူမှုရေးလုပ်ငန်းကြီးအား ပိုမိုတိုးချဲ့လုပ်ဆောင် ပေးဆပ်သွားရတော့ မည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts