>Burmese in SF Bay held prayer service for the victims of Nargis Deadly Storm as 2 year anniversary

>

ဆန်ဖရန်ဘေးဧရိယာက မြန်မာများ နာဂစ် ၂ နှစ် မေတ္တာပို့ ဆုတောင်း

မိုးမခအထောက်တော် ၀၀၂
မေ ၃၊ ၂၀၁၀
ယမန်နေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့ မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်တွင် မြန်မာမိသားစုများ စုဝေးကြပြီး ဆရာတော် ၂ ပါးဖြစ်သူ ဦးဉာဏိကနှင့် ဦးနေမိန္ဒတို့ထံမှ တရားနာယူခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတို့ ပြုလုပ်ကြသည်။ 

နာဂစ် ၂ နှစ်ပြည့် နေ့တွင် ထိုလွန်ခဲ့သည့် ၂ နှစ်က မုန်တိုင်းအောက်တွင် ကွယ်လွန်ပျက်စီးသွားကြသူ နာဂစ်သင့် မြန်မာအမျိုးသားတို့အတွက် အမျှအတန်း ပေးဝေခြင်း ဘာသာရေးအခမ်းအနား ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။ မြန်မာမိသားစု ၁၀၀ နီးပါး ကို တွေ့ရသည်။ 

မေတ္တာနန္ဒကျောင်းတိုက်၏ ဦးဆောင်ဆရာတော်မှာ  နာဂစ်သင့် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး လုပ်ငန်းနှင့် ပညာဒါနကျောင်း ဆေက်လုပ်ခြင်း ဆောင်ရွက်နေသူ ငါးကျမ်းပြန်ဆရာတော် ဦးဓမ္မပီယ ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts