>3 Child Soldier Storries from their concerned parents

>

ကလေးစစ်သားများနဲ့ မိဘများ – မှတ်တမ်းများက ပြောတဲ့ သူတို့ ဘ၀များ
သတင်းဇစ်မြစ် – ဦးအေးမြင့် (လမ်းပြကြယ်)
မိုးမခအထောက်တော် ၀၀၃
မေ ၂၊ ၂၀၁၀
 ရဲမြင့်ဟိန်း (၁၉၉၃ – ) ၁၇ နှစ်
          ပဲခူးတိုင်း၊ ပခုက္ကူမြို့၊ ၁၀တန်းကျောင်းသား၊ ဧပြီလ ၂၅ ရက်က အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးခဲ့သည်။
          ဌာနေ တပ်မ ၁၀၁ လက်အောက်ခံ ၂၅၂ တပ်က ရဲမြတ်ဟိန်းနှင့် ၁၀ တန်းကျောင်းသားများကို စစ်တပ်ထဲဝင်ရန် လိုက်လံစည်းရုံးခြင်း၊ တွေ့ဆုံစကားပြောရန် ကြိုးစားခြင်းတို့ ပြုလုပ်နေကြသဖြင့် မိဘများက စိုးရိမ်ကြီးစွာဖြင့် စောင့်ကြပ်နေစဉ်မှာ ကလေးပျောက်ဆုံးသွားခြင်း ဖြစ်သည်။
          ယခုအချိန်ထိ ၂၅၂ တပ်က ထိုကလေးများ ၎င်းတို့ဆီတွင် မရှိကြောင်း ငြင်းဆန်လျက်ရှိသည်။
မောင်ညီညီနိုင် (စစ်နိုင်)  (၁၉၉၄ – ) ၁၆ နှစ်
          ပဲခူးတိုင်း၊ က၀မြို့နယ်၊ သက္ကလကျေးရွာ၊ ညီအကိုနှစ်ဦးကို လှည်းကူးမြို့နယ် ရဲမွန်တပ်က ဆရာကြီး မြင့်သန်းက ၎င်းတို့တပ် ၂၁၉ သို့ ၀င်ပါက ကျောင်းပညာရေး အဆုံးသင်ရမည်ဟု လှည့်ပတ် ခေါ်ဆောင်ပြီး တပ်ထဲသွင်းခဲ့သည်။ အသက်မပြည့်သဖြင့် စစ်နိုင် အသက် ၂၀ ဟု အမည်ပြောင်း၊ အသက်လိမ်ပြီး တပ်ထဲသွင်းခဲ့သည်။
ညီဖြစ်သူမှာ ၁၀ နှစ် သား သာရှိသဖြင့် နောက်ဆုံးတွင် တပ်က စာနာသူများက မိဘများထံ ဆက်သွယ်ပြီး ပြန်ပို့ပေးခဲ့။ ညီညီနိုင်မှာမူ ရမည်းသင်း လေ့ကျင့်ရေး စခန်းကို ပို့ထားပြီး ဖြစ်၍ မိဘများက အကြိမ်ကြိမ်သွားရောက် တွေ့ဆုံရန် ကြိုးစားသော်လည်း မရရှိခဲ့။ နောက်ဆုံး ရမည်းသင်း စခန်းဆင်းတော့မှ မိဘများ တွေ့ခွင့်ရ။
သို့သော်လည်း ကလေးမှာ ရဲမွန်တပ် ၂၁၉ သို့ ပြန်မကျဘဲ ရှမ်းပြည်သို့ တာဝန်ချခြင်းခံရသဖြင့် မိဘများကော၊ ကလေးပါ စိတ်ထိခိုက် စိတ်ဒုက္ခရောက်ပြီး လမ်းပြကြယ် သို့ လာရောက် အကူအညီ တောင်းခဲ့ကြသည်။
အောင်စိုးလင်း (၁၉၉၅ – ) ၁၅ နှစ်
          စစ်ကိုင်းတိုင်း၊ တပ်ကုန်းကျေးရွာ၊ ဦးသိန်အောင်၊ ဒေါ်ဝင်းမေသား၊
          ခမရ (၃၆၄ တပ်ရင်း) က ဗိုလ်မှူးသက်ဦး၊ တပ်ကြပ်ကြီး ၀င်းတင်၊ ဒုတပ်ကြပ် ပန်းတင်နှင့် တပ်သား ၅ ဦးက ဖခင် ဦးသိန်းအောင်အား အမှုဆင် စွပ်စွဲပြီး သားဖြစ်သူအား တပ်ထဲသို့ ထည့်သွင်းရန် လိမ်လည် ခြိမ်းခြောက် ခေါ်ဆောင်ခဲ့သည် (၁၆ အောက်တိုဘာ ၂၀၀၉)
          မော်လိုက်မြို့ ခမရ (၃၆၄) သို့ မိဘက အကြိမ်ကြိမ် စုံစမ်းသော်လည်း ငြင်းပယ်ခြင်း ခံရသည်။
          နောက်ဆုံး ၂၈ မတ် ၂၀၁၀ တွင် နမခမှ တပ်ကြီးကြီးတဦးသတင်းပေးချက်အရ ကလေးမြို့ စတခ (င) တွင် သင်တန်းတက်ပြီး ဆင်းသွားပြီ ဖြစ်ကြောင်း၊ မည်သည့်တပ်ကို ရောက်ရှိသွားခြင်း မသိရဟု ဆိုသည်။
         
(ဓာတ်ပုံများ – ညီညီနီုင်၏ ပုံ)
         

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts