>2010 – Citizen of Burma AWard – total votes cout announced

>

ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်အစီအစဉ်အတွက် နောက်ဆုံးစာရင်းပိတ်မဲအရေအတွက် ကြေညာပြီ
မိုးမခအထောက်တော် ၀၀၂
ဧပြီ ၂၃၊ ၂၀၁၀
ယမန်နေ့က ၎င်းတို့၏ သတင်းထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၅၄ နိုင်ငံထံမှ စုစုပေါင်း မဲ အရေအတွက်  ၃ သိန်းနီးပါး ရရှိကြောင်း၊ မဲအများဆုံး ရရှိသူမှာ မဲအားလုံး၏ ၃၇ % ရရှိကြောင်းနှင့် မြန်မာပြည်မှ မဲပေးသူ ၆ ထောင်နီးပါး ရှိကြောင်း သိရှိရသည်။ အချိန်တိုအတွင်း ဆန္ဒမဲပေးကြရသော အစီအစဉ်ဖြစ်သဖြင့် မဲ အများစုမှာ ပုံမှန်ပေးသောမဲများ ဖြစ်၍ ပယ်မဲ မရှိဟု ဆန္ဒမဲစနစ်ကို စိစစ်သည့် အဖွဲ့က ထုတ်ဖော်ပြောဆိုသည်။
၂၀၁၀ ခုနှစ်အတွက် ပထမဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ချီးမြှင့်ဂုဏ်ပြုရန်အတွက် မြန်မာပြည်တွင်းမှ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူများအနက်မှ ၂၄ ဦးကို ပဏမဆန်ကာတင်အဖြစ် အများပြည်သူတို့ထံက စာရင်းတင်သွင်းမှုကို မတ်လ နောက်ဆုံးပတ်မှ စတင်ဖိတ်ခေါ် လက်ခံခဲ့သည်။ မြန်မာသင်္ကြန်အကြိုမတိုင်မီ ရက်သတ္တပတ်အစတွင် နောက်ဆုံး ဆန်ကာတင် ၅ ဦးကို ၀ိုင်းဝန်းစီစဉ်ကြသည့် မြို့များမှ စေတနာရှင်များ၊ မိတ်ဆွေများ၏ မဲစနစ်ဖြင့် ရွေးချယ်ခဲ့သည်။ အတာသင်္ကြန်ကာလအတွင်း အင်တာနက်မှ အများပြည်သူ၏ ဆန္ဒအရှိဆုံး ပုဂ္ဂိုလ်ကို မဲပေးကြရန် ကြေညာခဲ့သည်ကို တွေ့ရသည်။
ပါဝင်ပူးပေါင်းကြသည့် အမေရိကန်မြို့ ၁၄ မြို့နှင့် အင်တာနက်မှတဆင့် မြန်မာမိသားစုများက တယောက်တလက် စေတနာထက်သန်သမျှ ၀ိုင်းဝန်းလှူဒါန်းကြသည့် အလှူငွေများဖြင့် ပြည်တွင်းရှိ စေတနာဝန်ထမ်း လူမှုလုပ်ငန်းစွမ်းဆောင်သူကို ၀ိုင်းဝန်းဂုဏ်ပြု လှူဒါန်းရန် စီစဉ်မည်ဟု ဆိုသည်။ မြို့ပေါင်း ၁၄ မြို့က မြန်မာမိသားစုများ တယောက်တလက် ၀ိုင်းဝန်းကြသဖြင့် အနည်းဆုံး ၎င်းတို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့်အတိုင်း တမြို့ ၅၀၀ နှုန်းနှင့် အမေရိကန်ဒေါ်လာ ၇ ထောင် ရှိမည်ထင်ပါကြောင်း စာဖတ်သူတဦးက ခန့်မှန်းသည်။
၎င်းတို့ ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာမြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award)
www.citizenofburma.org P.O Box 1276, Baldwin Park, CA 91706, U. S. A
Albany, Cincinnati, Washington D.C, Virginia, Maryland Metro Area, New York, Buffalo, Boston, Fort Wayne, Phoenix, Seattle, San Francisco and Los Angeles, Portland, Beaverton, Tualatin, Denver, Aurora, Greeley, Chapel Hill, Carrboro, High Point


၂၀၁၀ ခုနှစ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုအစီအစဉ် နောက်ဆုံးစာရင်းပိတ် မဲအရေအတွက် ထုတ်ပြန်ချက်
စာအမှတ် ၉/ ၂၀၁၀ – နေ့စွဲ ဧပြီ ၂၂၊ ၂၀၁၀
ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုအစီအစဉ်၏ နောက်ဆုံးဆန်ကာတန် ၅ ဦး စာရင်းကို ထုတ်ပြန်ပြီး ယမန်နေ့ ညသန်းကောင်ယံအချိန်အထိ အင်တာနက်မှတဆင့် အများပြည်သူထံက ဆန္ဒအရှိဆုံး မဲများကို လက်ခံခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးစာရင်းပိတ်ပြီးနောက် စုစုပေါင်းလက်ခံရရှိသည့် မဲအရေအတွက်ကို Westwood College – Prof. R. Hoo ခေါင်းဆောင်သည့်)  စိစစ်ရေးအဖွဲ့က အောက်ပါအတိုင်း အသိပေးထုတ်ပြန်လိုက်သည်။
အများပြည်သူထံက ဆန္ဒမဲများကို အများဆုံးရရှိသူမှ နည်းရာသို့ စီစဉ်ရာတွင် အမည်များကို ထုတ်ဖော်ခြင်းမရှိသေးဘဲ ဆန္ဒမဲရရှိသည့် ရာခိုင်နှုန်း အလိုက် ထုတ်ပြန်ခြင်း ဖြစ်ပါသည်။
မဲပေးကြသည့် နိုင်ငံစုစုပေါင်း = ၅၄ နိုင်ငံ
စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၈၅, ၀၀၈ မဲ
ပထမ မဲအများဆုံး ရရှိသူ – စုစုပေါင်းမဲ၏ ၃၇.၃၇ %
ဒုတိယ မဲအများဆုံး ရရှိသူ – ၂၂.၁၆ %
တတိယ မဲအများဆုံး – ၁၆.၉၉ %
စတုတ္ထ မဲအများဆုံး – ၁၃.၁၉ %
ပဉ္စမ မဲအများဆုံး – ၁၀.၂၉ % ဖြစ်ပါသည်။
အဆိုပါမဲများတွင် ၁၀ ရက်အတွင်း ၅ ကြိမ်ထက် ပိုပြီး အကြိမ်ကြိမ် မဲပေးကြသည့် ရာခိုင်နှုန်းမှာ –
ပထမ မဲအများဆုံး – စုစုပေါင်းမဲ၏ ၀.၁၃၂ %
ဒုတိယ မဲအများဆုံး – ၀.၆၂၇%
တတိယ မဲအများဆုံး – ၀.၀၆၆ %
စတုတ္ထ မဲအများဆုံး – ၀.၀၆၆ %
ပဉ္စမ မဲအများဆုံး – ၀.၄၆၂ % ဟူ၍ တွေ့ရပါသည်။
ဆိုလိုသည်မှာ – မဲပေးသည့် ၁၀ ရက်အတွင်း မိမိဆန္ဒရှိသူကို အကြိမ်ကြိမ် မဲပေးခဲ့သူမှာ လူ ၁၀၀ လျင် ၁ ဦးပင် ပျမ်းမျှ မရှိဟု ဆိုသည့် သဘောဖြစ်ပါသည်။
ဆန္ဒမဲလာရောက်ပေးကြသည့် ဧည့်ပရိသတ် ၀င်ရောက်မှု အများဆုံး ၁၀ နိုင်ငံမှာ –
၁။ အမေရိကန်ပြည်ထောင်စု – စုစုပေါင်းမဲ၏  ၄၀.၄၄ %
၂။ စင်ကာပူ – ၂၀.၆၅ %
၃။ ထိုင်းနိုင်ငံ – ၇.၀၉ %
၎။ ဗြိတိန် – ၄.၅၅ %
၅။ ၾသစေၾတးလ် – ၄.၀၂ %
၆။ ဂျပန် – ၂.၆၇ %
၇။ မလေးရှား – ၂.၄၄ %
၈။ မြန်မာနိုင်ငံ – ၁.၈၅ %
၉။ အိန္ဒိယ – ၁.၆၅ %
၁၀။ တရုပ် – ၁.၂၉ % တို့ ဖြစ်ကြပါသည်။
ထူးခြားချက်အချို့မှာ – အင်တာနက်အကန့်အသတ်များရှိသည့် မြန်မာနိုင်ငံက မဲလာပေးသူပေါင်းမှာ စုစုပေါင်း မဲ၏ ၂ ရာခိုင်နှုန်း နီးပါး (၁.၈၅) ရှိသဖြင့် စုစုပေါင်း ဆန္ဒမဲ (၃ သိန်း နီးပါး) တွင် မဲအရေအတွက် ၆၀၀၀ ( ၆ ထောင်) ခန့် ပါဝင်နေသည်ဟု ဆိုနိုင်ပါသည်။ ထို့အပြင် မြန်မာများ အရေအတွက် ရှားပါးသည့် အာဖဂန်နစ္စတန်နှင့် ဟေတီနိုင်ငံတို့မှလည်း လာရောက် မဲဆန္ဒပေးခဲ့ကြသည်ကိုလည်း တွေ့ရှိရပါသည်။
အထက်ပါ မဲအရေအတွက်များကို စနစ်တကျ တွက်ချက်သိမ်းဆည်း ထားပြီး ဖြစ်ပါသည်။ ဆန္ဒမဲပေးရက် ၁၀ ရက် အတွင်း မဲဆန္ဒလာပေးရသည့် အချိန်မှာ တိုတောင်းသည်ဟု ဆိုနိုင်သဖြင့် မဲအားလုံးတွင် ပယ်မဲမရှိဟု ဆုံးဖြတ်သည်။ လာမည့် ဧပြီလ ၂၄ ရက်၊ အယ်လ်အေမြို့တွင် ကျင်းပမည့် အခမ်းအနားတွင် မဲအများဆုံးဖြင့် ဆန္ဒအပြုခံရသူ ပြည်သူ့ဂုဏ်ရည် ( Citizen of Burma Award ) ကို ကြေညာမည် ဖြစ်ပါသည်။
အားလုံးရဲ့ကိုယ်စား
ဦးကိုလေး(အယ်လ်အေ) 626-383-6901  ကိုဝေလ(နယူးယောက်) 718-505-0080  ကိုထိန်လင်း(ဆန်ဖရန်စစ္စကို) 415-531-3761 ကိုကျော်ဝဏ္ဏ (အယ်လ်အေ) 626-478-7717  ကိုမောင်ရစ် (ဆန်ဖရန်စစ္စကို) 415-595-1485

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts