>San San Tin – Padauk & Cherry

>

တို့ပိတောက်နဲ့ သူ့ချယ်ရီ
စမ်းစမ်းတင်
ဧပြီ ၁၂၊ ၂၀၁၀
သူ့မြေမှာ ချယ်ရီ
တို့ပြည်မှာ ပိတောက်

သူ့မြေကဧပြီ
ချယ်ရီတွေ ဝေစီ

တို့ပြည်က ဧပြီတန်ခူး
ပိတောက်တွေဖူးချိန်

သူ့မြေက ချယ်ရီ
ပန်းသွေးနီသန်း
တို့ပြည်က ပိတောက်ပန်း
ရွှေဝါလွှမ်း

တို့ပြည်က ပိတောက်ဖုံး
မိုးနမ်းရင် ပွင့်ဝေ
သူ့မြေက ချယ်ရီပန်း
မိုးသက်ရင်ကြွေ

Cherry in their land
Padauk in our land

Blooming in April

Pink blossoms fall with rain
Golden buds open with rain

Passing too quickly

(San San Tin)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts