>Today News Photo – Thailand and Poland

>

ယနေ့သတင်းဓာတ်ပုံများ
ဒေးလိုက်ဖ် အင်တာနက်
ဧပြီ ၁၀၊ ၂၀၁၀
 တလတာကြာပြီဖြစ်သည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပေါ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမြင်ကွင်း။ ပြုတ်ကျသွားသည့် ထိုင်းဝန်ကြီးချုပ် သပ်စင်ကို ထောက်ခံသည့် ရှပ်နီဝတ်များက ဘန်ကောက်မြို့ပေါ်တွင် ပိတ်ဆို့ဆန္ဒပြလျက်ရှိရာ၊ ယနေ့ စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားသည်။ ရိုက်တာသတင်းထောက် ဂျပန်နိုင်ငံသားတဦးအပါအ၀င် လူပေါင်း ၁၅ ဦးကျော် သေဆုံးပြီး လူပေါင်း ၇၀၀ နီးပါး ထိခိုက်ခဲ့သည်ဟု ဆိုသည်။ ယခုအချိန်ထိ အာဏာပိုင်တို့နှင့် ဆန္ဒပြသူတို့ တင်းမာဆဲ ဖြစ်သည်။
 ပိုလန်နိုင်ငံ၏ အစိုးရအဖွဲ့တခုလုံး ရုရှားနိုင်ငံတွင် လေယျာဉ်ပျက်ကျပြီး သေဆုံး။ ပိုလန်နိုင်ငံ၏ ခေါင်းဆောင်အပါအ၀င် အစိုးရအဖွဲ့တခုလုံး ရုရှားနိုင်ငံသို့ အခမ်းအနားတက်ရောက်ရန် သွားစဉ် ရုရှားနိုင်ငံတွင် လေယျာဉ်ပျက်ကျပြီး အားလုံး သေဆုံးသွားသည်ဟု ဆိုသည်။ ကွယ်လွန်သူ သမ္မတကြီး၏ အမွှာညီအကိုဖြစ်သူ ပိုလိန်ဝန်ကြီးချုပ် ကျန်ရစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts