>Naing Win Swe’s book

>

နိုင်ဝင်းဆွေ၏ မဟူရာမေတ္တာ ကို ဂျာနယ်တစောင်တွင် အခန်းဆက် ဖော်ပြမည်
မိုးမခအထောက်တော် အမှတ် ၀၀၄
မတ် ၃၀၊ ၂၀၁၀

တော်လှန်ရေးသမား၊ စာရေးဆရာ နိုင်ဝင်းဆွေ၏ မဟူရာမေတ္တာ ဝတ္ထုကို ရန်ကုန်တွင် ထုတ်ဝေသည့် လျှပ်တစ်ပြက် ဂျာနယ်က အခန်းဆက် ဖော်ပြသွားမည်ဟု သိရသည်။

သောကြာနေ့ထုတ် လျှပ်တစ်ပြက် ဂျာနယ် http://www.snapshot-news.com/ တွင် စတင် ဖော်ပြထားကြောင်း တွေ့ရသည်။

“ခွင့်ပြုချက် ပေးခဲ့သော တောင်ငူမြို့၊ ချင်းကုန်းရွာနေ ဆရာနိုင်ဝင်းဆွေ၏ အစ်မကြီး ဒေါ်ခင်နုနှင့် တူမအရင်း ဒေါ်ကြင်ဦးတို့ကို လျှပ်တစ်ပြက် ဂျာနယ်မှ ကျေးဇူး အထူးတင်ရှိပါသည်” ဟု လျှပ်တစ်ပြက်က ဆိုသည်။

မဟူရာမေတ္တာ ကို http://sagarwarmyae.net/?p=5238 နှင့် http://ebooks.mmblogs.net/archives/42 တို့တွင်လည်း Ebook အဖြစ် တွေ့ရသည်။

ထိုင်းမြန်မာနယ်စပ်တွင် ကွယ်လွန်သူ စာရေးဆရာ နိုင်ဝင်းဆွေ အကြောင်းကို wikimyanmar.co.cc တွင် ဖတ်ရှုနိုင်သည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts