>Dr. Nay Win Maung’s talk in Chula

>

ဒေါက်တာနေ၀င်းမောင် ဘန်ကောက်တွင် မြန်မာ့အရေး ဟောပြောမည်
မိုးမခအထောက်တော် အမှတ် ၀၀၉
မတ် ၂၀၊ ၂၀၁၀

ဘန်ကောက်မြို့တွင် တနင်္လာနေ့ ( မတ်လ ၂၂ )ရက်နေ့ နံနက် ၉း၀၀ မှ နေ့လယ် ၁၂း၀၀ အထိ ပြုလုပ်မည့် မြန်မာ့အရေး ဆွေးနွေးပွဲကို ရန်ကုန်မှ စာနယ်ဇင်းထုတ်ဝေသူ၊ Myanmar Egress NGO တည်ထောင်သူ ဒေါက်တာနေ၀င်းမောင် တက်ရောက် ဆွေးနွေးမည်ဟု သိရသည်။

ဤသတင်းကို ချူလာလောင်ကောင် တက္ကသိုလ် လုံခြုံရေးနှင့် နိုင်ငံတကာ လေ့လာရေးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာပြည်လက်ရှိအခြေအနေနှင့် နိုင်ငံတကာတုံ့ပြန်မှုများ (Myanmar/Burma – Domestic Developments andInternational Responses) ဟု ဆွေးနွေးပွဲကို အမည်ပေးထားသည်။

စာနယ်ဇင်းသမားများဖြစ်သည့် လယ်ရီဂျေဂင်၊ ဦးအောင်ဇော်၊ ပြည်ပရောက် နိုင်ငံရေးသမား ဦးဟန်ယောင်ဝေ တို့က မြန်မာပြည်၏ လက်တလော ဖြစ်ရပ်များကို ပြောကြားကြမည် ဖြစ်သည်။

အမေရိကန်နှင့် နိုင်ငံတကာတို့ စစ်အစိုးရကို ချဉ်းကပ်ပုံများ အကြောင်းအရာကို ပြည်ပရောက် နိုင်ငံရေးသမား ဒေါက်တာဇာနည်၊ ဘန်ကောက်မြို့ အမေရိကန်သံရုံး နိုင်ငံရေးဌာနမှ Mr. George Kent နှင့် ကနေဒါ သံအမတ် Mr. Ron Hoffmann တို့က ပြောဆိုကြမည်ဟု သိရသည်။

ဆွေးနွေးပွဲ ပြုလုပ်မည့် နေရာမှာ ချူလာလောင်ကောင်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာန၏ Prajadhipok-Rambhaibarni အဆောက်အအုံတွင် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts