>Mr Perspective – Fire Engine Burmese Way

>

မိုးမခတောထဲက သတင်းအပိုင်းအစများ
မိုးလုံးပြည့် မီးသတ်ကား
အဝေးကြည့်မှန်ပြောင်း
မတ် ၁၉၊ ၂၀၁၀
မိုးလုံးပြည့်မုသာဝါဒ သတင်းဌာနတွေ ဘာကြောင့် လိုအပ်
မြန်မာ ပတ်စ်ပို့တွေမှာ နာမည်တွေ ဘာတွေကို လက်နဲ့ မရေးတော့ဘူးတဲ့။ တခြားနိုင်ငံ အများစုလို ကွန်ပျူတာစာလုံးနဲ့ပဲ လာတော့မယ်ပေါ့ဗျာ။ ပတ်စ်ပို့မှာ ဓာတ်ပုံကို ကပ်ခွာလုပ်၊ အချက်အလက်တွေကို ဖျက်ပြီး အသစ်ပြန်ရေးတဲ့ ပွဲစားတွေ ဒုက္ခရောက်ပြီပေါ့။ ပတ်စ်ပို့အသစ် လုပ်ပေးတဲ့ပါဝါရှိတဲ့ မြန်မာသံရုံးက ဆရာတွေကိုပဲ အားကိုးရပါတော့မယ်။ ဆရာသမားတွေ ၀င်ငွေ တိုးဦးမယ့် အစီအစဉ် ဆိုပါစို့။
စပ်မိလို့ ပြောရရင် hand made လို့ ခေါ်တဲ့ လက်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို နိုင်ငံတကာမှာ သိပ်ကြိုက်ကြပါတယ်။ ဒီလိုပစ္စည်းတွေကို သုံးရတာ ဂုဏ်ယူကြပါတယ်။
မြန်မာ ပတ်စ်ပို့ဟာ hand made ပစ္စည်းပါ။ လေဆိပ်လုံခြုံရေး ထိပ်တန်းဦးစားပေးနေရတဲ့ ဒီကနေ့ ကာလမှာတော့ လက်ဖြစ်ပတ်စ်ပို့ကို ချွင်းချက်နဲ့ ပယ်ချကြပြီပေါ့။
လက်မှုပစ္စည်းကနေ စက်မှုပစ္စည်းအဖြစ် ပြောင်းလဲမယ့် ကာလမှာ သံရုံးတွေက ပတ်စ်ပို့ဆိုင်ရာ လုပ်ငန်းတွေ တလ နားမယ် တဲ့။ ဒါကို အစိုးရမီဒီယာများက ဘာမှလည်း မပြော။ ပြည်ပ မြန်မာသံရုံးတချို့က အင်တာနက် စာမျက်နှာရှိပေမယ့် အဲဒီကနေလည်း မပြော။ မိုးလုံးပြည့်မုသာဝါဒ ဘာညာကွိကွ ဆိုတဲ့ သတင်းဌာနတွေ လက်တို့မှပဲ  လူတွေက သိရတော့တယ်။ ကျေးဇူးရှင် အစိုးရက အကုန်ပြောရင် မိုးလုံးပြည့် သတင်းဌာနတွေကို လူတွေက ဘယ်အားကိုးပါ့မလဲ၊ မဟုတ်ဘူးလား။
မီးသတ်ကား
မီးသတ်ကားတွေဆိုတာ ဆန္ဒပြသမားတွေကို နှိမ်နင်းတဲ့ နေရာမှာလည်း အတော် အသုံးတည့်ပေတာပဲ။ အခု အဲဒီကားနီနီတွေ ကြံ့ခိုင်ဖို့အတွက် ဗိုလ်ချုပ်ကြီးတွေက လုပ်သားပြည်သူများထံ အကူအညီ တောင်းနေပါတယ်။ မယုံရင် သတင်းစာ နောက်ကျောဖုံးမှာ ပါတဲ့ ကြော်ငြာကို ရှုတော်မူပါ။
မြင်တဲ့အတိုင်းပါပဲ မီးသတ်ကားအတွက် လှူကြပါ တဲ့ ကြော်ငြာ အောက်ဆုံးမှာ ရေးထားတယ်။

မီးသတ်ကားအတွက်တောင် အလှူခံနေရတယ်ဆိုတော့ ပိုက်ဆံတွေ သေနတ်ဝယ်ရ၊ အိတ်ထဲထည့်ရနဲ့ လောက်ငကြပုံ မပေါ်ဘူး။ ဗိုလ်ချုပ်ကြီးတို့ စိတ်ချမ်းသာမှ တိုင်းပြည်ကြီး အေးချမ်းမယ်လို့ ယူဆပြီး လှူကြတန်းကြမယ် ထင်ပါရဲ့။ ဘယ်သူပြောနိုင်မလဲ။
ကဲ ဒါဆိုရင် ဘယ်သူတွေက လှူကြမလဲ။ မြန်မာပြည်ရဲ့ မာဖီးယား သူဌေးကြီးတွေ လှူကြမယ် ထင်တယ်။ အင်း ဒီလူကြီးတွေက ဒီပမာဏလောက်တော့ မလှူချင်ဘူးဆိုရင်တော့ ဒုက္ခ။ ကာတွန်းထဲကလို ကားတွေကို မီးလောင်တဲ့နေရာအထိ တွန်းသွားရတော့မှာပေါ့။ အဲသလို တွန်းနေချိန်မှာ ကာတွန်းထဲက ဒရိုင်ဘာက ဘာပြောသလဲ ဆိုတော့ ဟေ့ကောင်တွေ ဖြည်းဖြည်းတွန်းပါဟ၊ ဒီမှာ ဘရိတ် မမိဘူး တဲ့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts