>Mar Mar Aye urged support and helping hand for local monastery in Fort Wayne

>

အင်ဒီယာနာ၊ ဖို့ဝိန်းမြို့ ဇေတ၀န်ကျောင်းအတွက် စေတနာရှင်များလိုအပ် – ဂီတပညာရှင်မာမာအေး မေတ္တာရပ်ခံ
မိုးမခအထောက်တော် ၀၀၂
မတ် ၁၇၊ ၂၀၁၀
လွန်ခဲ့သည့်လက မိုးမခသတင်းမှာ ဖော်ပြခဲ့တဲ့ (ဒီနေရာမှာ ဖတ်ပါ) မြို့တော်စည်ပင်သာယာရဲ့ အရေးယူမှုခံရတဲ့ ဖို့ဝိန်းမြို့ ဇေတ၀န် မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ရပ်တည်နိုင်ရေးနဲ့ သာယာရေးကိစ္စ အ၀၀အတွက် မြို့ခံ မြန်မာလူကြီးသူမများ၊ လူငယ်များ၊ မိသားစုများနဲ့ တိုင်းရင်းသားညီအကိုတွေက တအိမ် တက်ဆင်းနဲ့ ကျောင်းတည်ဆောက်ပြုပြင်ရေး အလှူငွေများ လိုက်လံကောက်ခံလျက် ရှိတယ်လို့ သိရပါတယ်။
ဖို့ဝိန်းမြို့ခံ မြန်မာပြည်ရဲ့ ဂီတပညာရှင်ကြီးတဦးဖြစ်သူ အဆိုတော်မာမာအေးကိုယ်တိုင်က ဇေတ၀န်ကျောင်းမှာ နေ့စဉ်သွားရောက်ပြီးတော့ ဘုန်းတော်ကြီးကျေုာင်း တည်တံ့ခိုင်မြဲရေးအတွက် နိဗ္ဗာန်ဆော် လုပ်ပေးနေတာကိုလည်း တွေ့နေရပါတယ်။
ဒေါ်မာမာအေးက မိုးမခသို့ ပြောကြားရာမှာ သူကိုယ်တိုင် မေတ္တာရပ်ခံတဲ့ စာလေးတစောင်လောက် ရေးသားပြီး ရပ်နီး ရပ်ဝေးက မြန်မာမိသားစုတွေကို တိုက်တွန်းနှိုးဆော်လိုကြောင်း၊ ကျန်းမာရေးက ထင်သလောက် မကောင်းသေးတဲ့အတွက် မိမိဂီတအနုပညာနဲ့ တတတ်တအား မေတ္တာနဲ့ အကျိုးမဆောင်နိုင် ဖြစ်နေရတဲ့အတွက် စိတ်မကောင်းကြောင်း၊ သို့သော်လည်း ပြည်ပရပ်ရွာတွေမှာ နေထိုင်ကြသူ မြန်မာမိသားစုများက အခုလိုမျိုး ရပ်ရေး ရွာရေး သာရေး နာရေးအတွက် စုဝေးရာ ရိုးရာဘုန်းတော်ကြီးကျောင်း သာယာဝပြောရေးအတွက် တနိုင်တပိုင် ၀ိုင်းဝန်းကူညီကြမယ်ဆိုရင်ဖြင့် အောင်မြင်ရမယ်လို့ ယုံကြည်ပါကြောင်းနဲ့ ကမ္ဘာမှာ မြန်မာလို့ ဂုဏ်ယူစရာအဖြစ် မြန်မာတွေရဲ့ ချစ်ခင်ညီညွတ်မှု၊ အမျိုးသားအချင်းချင်း ယိုင်းပင်းကူညီမှုဆိုတဲ့ ၀ံသာနုတရားထွန်းကားရာ၊ ထိန်းသိမ်းရာအစ ဘုန်းတော်ကြီးကျောင်းများက ဆိုတာကိုလည်း မမေ့လျော့ကြဖို့ တိုက်တွန်းပါကြောင်း ပြောကြားလိုက်ပါတယ်။
ဇေတ၀န်ဘုန်းတော်ကြီးကျောင်းကို ဆက်သွယ်ကြမယ် ဆိုရင် – 6615, Hanna Street, Fort Wayne, IN 46816-1140 ဖြစ်ပြီး၊ ဖုံးနံပါတ်ကတော့ – ၂၆၀-၄၄၁-၀၅၅၈ ဖြစ်ပါတယ်။ ကျောင်းထိုင်ဆရာတော်တပါးကတော့ ဦးကုသလ ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts