>Burmese Monastery in Oakland opens with support from Burmese community

>

ဘေးဧရိယာဥက္ကလံရှိ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်း ဖွင့်ပွဲ စည်ကား

မိုးမခရွာဆော်ကြီး
မတ် ၁၅၊ ၂၀၁၀
ယမန်နေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ ဥက္ကလံမြို့ရှိ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်းဖွင့်ပွဲကို မြန်မာဧည့်ပရိသတ်များနှင့် စည်ကားစွာ ကျင်းပခဲ့သည်ကို တွေ့သည်။ ဘုန်းတော်ကြီးကျောင်းနေရာကို မြို့ခံ မြန်မာမိသားစုများက တတ်အားသမျှ ၀ိုင်းဝန်းမတည်သော အလှူငွေများနှင့် ငှားယမ်းကာ ကျောင်းထိုင်ဆရာတော် ဦးအာစရအား ပင့်ဆောင်ပြီး သာသနာပြုနိုင်ရန် ကျောင်းကို အပ်နှံခြင်းဖြစ်သည်။ 

မြန်မာဗုဒ္ဓဘာသာဝင်များနှင့် မြန်မာမိသားစုများအားလုံးအတွက် သာရေး၊ နာရေး၊ ကူညီစောင့်ရှောက် ယိုင်းပင်းရာ စုဝေးရာ ရိပ်သာလေးတခုအဖြစ် ဆက်လက် ပြုစုပျိုးထောင်သွားကြမည်ဟု ဆိုသည်။ နီးစပ်ရာ မြန်မာမိသားစုများ အသိုင်းအ၀ိုင်းများကလည်း ၀ိုင်းဝန်း အားပေး ကူညီကြရန် ကြိုဆိုလျက်ရှိသည်။ လိပ်စာမှာ – ဓမ္မအေးရိပ် ၀ိဟာရ ။ 2523, 23 Rd Ave, Oakland, CA 94606-3525 U.S.A, Tel (510) 533-5962 (650)868-6960 Email-acaraung@gmail.com

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts