>Burmese Poet rasied funds for Nargis Victims with Poems

>

 မြန်မာ ကဗျာဆရာ များပါဝင်ရေးသားကြတဲ့ နာဂစ်ခံစားမှု ကဗျာစာအုပ် မိတ်ဆက်ပွဲ

မိုးမခအထောက်တော် ရန်ကုန်
မတ် ၁၅၊ ၂၀၁၀
ယနေ့ နံနက် ၁၀နာရီမှ စတင်ပြီး မင်္ဂလာတောင်ညွှန့် မြို့နယ် သိမ်ဖြူလမ်း မြန်မာနိုင်ငံ ဆရာဝန်များအသင်း ခန်းမမှာ ကျင်းပခဲ့ပါတယ်။  ပွဲ အမည်က “ မေရဲ့ ပန်းပွင့် သိုမဟုတ် ကမ်းပါးပေါ်က ကျွံကျသွားသော” အမည် ဖြစ်ပါတယ်။ စာအုပ်ရောင်းရငွေ အားလုံးကို နာဂစ်ဒုက္ခသည်များအား ကူညီဖို့ ရည်ရွယ်ထားတယ်။ သိန်း ၃၀ ၀န်းကျင်ခန့် ရရှိလိမ့်မယ်လို့ မှန်းထားပါတယ်။
ကဗျာဆရာ အောင်ဇင်မင်း
တာဝန်ယူ ဆောင်ရွက်ကြသူတွေကတော့ ကဗျာဆရာ ကိုရွေးနဲ့ ကိုအံ့ဘွယ်ဇင် နှစ်ဦးနဲ့ ပန်းချီဆရာ သန်းမြင့်အောင်တို့ဖြစ်တယ်။ လွန်ခဲ့တဲ့ တနှစ်ကျော်က စတင် လုပ်ဆောင်ခဲ့ကြပြီး ယခုအကောင်အထည်ပေါ်လာတာလို့ သိရပါတယ်။
မောင်ခင်မင် (ဓနုဖြူ)
ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ အမှာသ၀ဏ်လွှာနဲ့ အမှာဗီဒီယို ကိုဖတ်ပြ၊ ဖွင့်ပြပြီး  မောင်ခင်မင် (ဓနုဖြူ)၊ စတားဖလင်မှ ကိုသူရိန်ထွန်း၊ ပန်းချီဆရာ ၀င်းဖေမြင့် တို့က ကဗျာစာအုပ် အကောင်အထည် ပေါ်လာပုံ၊  ကဗျာဆရာများရဲ့ စေတနာနဲ့ ကြိုးပမ်းမှုများကို ပြောဆိုကြပါတယ်။ အဲဒီနောက် ကဗျာဆရာ အသီးသီးက သူတို့ရဲ့ ကဗျာတွေကို တပုဒ်စီရွတ်ဆိုပြကြပါတယ်။ 
ကဗျာဆရာ မိုးဇော်
ကဗျာဆရာ မင်းထက်မောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts