>Censor Board receives pressure fromThan Shwe’s grandson

>


ဗိုလ်ချုပ်မှူးကြီးမြေးက စာပေစိစစ်ရေးကို ဆင်ဆာဖြတ်
မိုးမခအထောက်တော်၊ ရန်ကုန်
ဖေဖော်ဝါရီ ၂၁၊ ၂၀၁ ဖေဖော်ဝါရီ ၁၂ ရက်နေ့ထုတ် 8 DAYS A WEEK ဂျာနယ် မျက်နှာဖုံး


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး ဖိုးလပြည့်က ဂျာနယ် မဂ္ဂဇင်းများတွင် စိုင်းစိုင်းခမ်းလှိုင် နှင့် ၀တ်မှုန်ရွှေရည် တို့ ၂ ဦး၏ စုံတွဲပုံများ ဖော်ပြခြင်း ခွင့်မပြုရန် စာပေစိစစ်ရေးဌာနကို ညွှန်ကြားထားသည်ဟု သိရသည်။

ထိုသို့ ညွှန်ကြားထားသော်လည်း ဖေဖော်ဝါရီ ၁၂ ရက်နေ့ထုတ် 8 DAYS A WEEK ဂျာနယ် မျက်နှာဖုံးတွင် စိုင်းစိုင်းခမ်းလှိုင် နှင့် ၀တ်မှုန်ရွှေရည် တို့ ချစ်သူနှစ်ဦး၏ပုံကို ဖော်ပြထားသည်။

စာပေစိစစ်ရေးအာဏာပိုင်တို့က ထိုပုံကြောင့် ဖိုးလပြည့် ရွှေစိတ်တော်ညိုခြင်း မဖြစ်စေရန် ကြိုတင်စီစဉ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

“အခုပုံက လတ်တလော ရိုက်တာမှန်ပေမယ့် ပြောတဲ့အခါ အရင်တုန်းက ရိုက်ထားတာပါ ဆိုပြီး ပြောဖို့ ညွှန်ကြားထားတယ်လို့ စိစစ်ရေး သတင်းရပ်ကွက်က ထွက်လာတယ်” ဟု ရန်ကုန်မှ သတင်းသမားတဦးက ပြောသည်။

ထိုဂျာနယ် မျက်နှာဖုံးသည် စိုင်းစိုင်းခမ်းလှိုင်နှင့် ၀တ်မှုန်ရွှေရည်တို့စုံတွဲပုံ ပါဝင်မည့် နောက်ဆုံးမျက်နှာဖုံး ဖြစ်မည်ဟု အဆိုပါ သတင်းသမားက ခန့်မှန်းသည်။

ဖိုးလပြည့်က နာမည်ကြီး မော်ဒယ် သရုပ်ဆောင် ၀တ်မှုန်ရွှေရည်ကို တဘက်သတ် ချစ်နေသောကြောင့် စာပေစိစစ်ရေးဌာနကို ထိုသို့ ညွှန်ကြားချက် ပေးရခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် လလယ်ပိုင်းကလည်း ဖိုးလပြည့်သည် ၀တ်မှုန်ရွှေရည်ကို ဖိတ်ခေါ်ပြီး ရန်ကုန်မြစ်အတွင်း သင်္ဘောဖြင့် လည်ပတ်ခဲ့သည် ဟုသိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts