>India militants smuggle Chinese arms through Burma

>

အိန္ဒိယသူပုန်အတွက် တရုတ်လက်နက်များ မြန်မာပြည်မှတဆင့် ၀င်ရောက်
hindustantimes.com
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၀ ၂၀၀၉ မတ်လအတွင်း အိန္ဒိယစစ်တပ်က သူပုန်အဖွဲ့တဖွဲ့ထံမှ သိမ်းဆည်းရမိသော လက်နက်တချို့ (ဓာတ်ပုံ-AP)


တရုတ်လက်နက်မျိုးစုံသည် အဓိကလမ်းကြောင်းကြီး ၅ ခုမှတဆင့် အိန္ဒိယသူပုန်များလက်သို့ အများအပြား ၀င်ရောက်လျက်ရှိနေရာ ထိုလမ်းကြောင်းအများစုမှာ မြန်မာပြည်မှ ဖြစ်သည်ဟု ထောက်လှမ်းရေး အရာရှိကြီးတဦးက မိုးရေးမြို့တွင် ယနေ့ ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ်တွေ အတွင်း သူပုန်တွေဆီက ဖမ်းမိတဲ့ လက်နက် ၈၀ ရာခိုင်နှုန်းမှာ ကြယ်တံဆိပ် အမှတ်အသား ရှိတယ်။ အဲဒါဟာ တရုတ်နိုင်ငံမှာ ထုတ်တဲ့လက်နက်တွေ ဆိုတဲ့ သဘောပေါ့” ဟု သူက ပြောသည်။

အိန္ဒိယ မြန်မာ နယ်စပ်တွင် လက်နက်ကိုင် သူပုန်အုပ်စု ၅၀ ကျော် လှုပ်ရှားနေသည်။

ထိုအုပ်စုများ ၀ယ်ယူ အသုံးပြုကြသည့် AK အမျိုးအစား မောင်းပြန်သေနတ်များ၊ ပစ္စတို၊ ဗုံး၊ ကျည်ဆံ စသည့် သမားရိုးကျ လက်နက်ပစ္စည်းများသည် အိန္ဒိယသို့ ကုန်းလမ်း ၄ ခု၊ ရေလမ်းကြောင်း ၁ ခုမှ ၀င်ရောက်နေသည်။

လက်နက်အများစုက တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ တဆင့် မြန်မာပြည်ကို ဖြတ်သန်းပြီး ရောက်လာသည်ဟု ထိုအရာရှိက ပြောသည်။

ပင်လယ်ရေလမ်းကြောင်းမှ လာသည့် လက်နက်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း သင်္ဘောဆိပ်မှတဆင့် လာသည်ဟု ဆိုသည်။

လက်နက်တချို့မှာ တခြားဒေသများတွင် ထုတ်လုပ်ခြင်းဖြစ်ပြီး အများစုမှာ တရုတ်ပြည်ထုတ် လက်နက်ပစ္စည်းများ ဖြစ်သည်ဟု သူက ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts