>Moe Sal Nay – Love Affair

>

အချစ်ရေး
မိုးစဲနေ
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၀
 ရွှေပြည်တော်မျှော်တိုင်းဝေးခဲ့တယ် ညနေခင်းများနဲ့
မချစ်မနှစ်သက်သူတိုနှင့် ထမင်းလက်ဆုံစားရင်း
တုံးအောက်ကဖား ပြားတဲ့ဖားကပြား ဖေါင်းတဲ့ဖားကဖေါင်းခဲ့တယ်
အသားနက်မ အောင်လံကြီးထူခဲ့တယ်…
နူရာဝဲစွဲခဲ့တယ်။
အားအားလျားလျား လမ်းသလားနေတဲ့
မြွေတွေမသေပဲ
ဒုတ်တွေ ကျိုးခဲ့တယ်..
ခေတ်ကြီးကိုက ရေနွေးငွေ့သုံးမီးရထားကြီးလို
ရွှေ့ပြောင်းတောင်ယာတွေတင်ပြီး ထွက်ခွာသွားတယ်..။
အဲ့ဒါအရေးမကြီးဘူးပဲ ထားပါတော့..
ဂျူးဂျူးဆိုတဲ့ကောင်မလေးကို ကျနော်ရှာလို့မတွေ့တော့ဘူး
(သူ့မှာ နာမည်တွေ အများကြီးရှိတယ်တဲ့)
ကျနော့်မှာတော့ နေထိုင်ခွင့်လက်မှတ်မရှိဘူး။
ခင်ဗျားကိုပြောပြဖို့ ကျနော့်ဒုက္ခသုက္ခတွေ
ကျနော်ပျိုးထားခဲ့တာပါ
ခင်ဗျားကိုမှ ကျနော့် ဒုက္ခသုက္ခကို ပြောမပြရရင်
ဘယ်သူ့ကို ပြောပြရမှာလဲ
အိပ်မက်ကတော့ အိပ်မက်လိုပဲ မချိုခဲ့တာပါပဲ
လေထဲကိုပျံဝဲဖို့ဆိုတာ တောင်ပံတစုံတော့ ရင်းနှီးရတာပဲမဟုတ်လား။
ကြီးကြီးကျယ်ကျယ် ဘ၀ကကော ဘာဖြစ်လို့
ပယင်းရောင်ရုပ်ရှင်ထဲက ယင်းထနေတဲ့
တယောပြားလေးမဖြစ်ခဲ့တာလဲ..။
ဒါပါပဲ..ဗျာ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts