>Zay Himne – Small Things Small Issues – Poem

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ကိုင်းဖျားကိုင်းနားများ ကိစ္စ
ဇေမှိုင်း
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၀
(မိုးမခရဲ့ ဗယ်လင်တိုင်းကဗျာ)
အိပ်မက်တွေက
အကြောင်းကြောင်းကြောင့်
သိပ်မထူးလှ
ဘဝကလည်း ဒီလိုပါပဲ
ကိစ္စဝိစ္စတွေက
မရှိချင်ရင် မရှိ
ရှိချင်တဲ့အခါ ကျတော့
ကြောင်မှာ သန်းတွယ်သလိုပေါ့ …
တိုင်းရင်းသား တွေကိုချစ်တယ်
သီချင်းတွေ နားထောင်တယ် … တဲ့
ကလေးရေ
အဲဒီဘဝတွေကိုရော ချစ်သလား?
ကိုယ်လည်းချစ်ခဲ့တာပဲ
အမှောင်ညထဲမှာ ဆယ်စုနီးပါး …
ချစ်ခြင်း ဆိုပြီး
လိမ်ညာတေးချင်း ညည်းးခဲ့တာ
ငါးနှစ်တာ ကာလ။
ချစ်တယ် ဆိုတော့လည်း
ချစ်တာပဲပေါ့
ငါတို့ဟာ အကျိုးအကန်းတွေပါ ကလေးရဲ့
နက်– ပေါ်မှာ မဆော့ မမော့ပဲ
ကိုယ့်ကိုကိုယ် ငုံ့ကြည့်ဖို့သာ လိုရဲ့ … ။     ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts