>Burmese Small Business Owners run into trouble with local authority

>

စည်ပင်၏ မင်းမဲ့စရိုက်ကြောင့် ဘေးကြပ် နံကြပ်ဖြစ်နေတဲ့ ရန်ကုန်မြို့သစ်များက အသေးစားလုပ်ငန်းရှင်များ
နေလင်း
ဇန်န၀ါရီ ၂၂၊ ၂၀၁၀
ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတ၊ သင်္ဃန်းကျွန်း စသည့် မြို့နယ်များအတွင်းရှိ သစ်ခွဲစက်ငယ်များကို ပြောင်းရွှေ့လုပ်ကိုင်ရန် မြေနေရာသတ်မှတ်ပေးခြင်းမရှိဘဲ လက်ရှိမြေနေရာမှ လုပ်ငန်းကိုလုပ်ကိုင်ခြင်းအားရပ်ဆိုင်းရန်နှင့် မရပ်ဆိုင်းဘဲဆက်လက် လုပ်ကိုင်ပါက စည်ပင်ဥပဒေ ပုဒ်မ (၂၈၊၂၉၊၂၀၅) များအရ ငွေဒဏ်၊ ထောင်ဒဏ် ချမှတ်အရေးယူမည်ဟုဆို၍ လုပ်ငန်းများ မလုပ်ကိုင်နိုင်ဘဲ ဒုက္ခရောက် နေကြပါသည်။
လူနေရပ်ကွက်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းများမှာ ဆူညံသံများထွက်ရှိခြင်းကြောင့် မြို့စွန်ထွက်လုပ်ကိုင်ရန်နှင့် မြေနေရာသတ်မှတ်ပေးမည် ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ အကြောင်းခြင်းခံရသော်လည်း မ.ယ.က မှ ပြောင်းရွှေ့လုပ်ကိုင်ရန် မြေနေရာကို သတ်မှတ်ပေးခြင်းမရှိပေ။ သို့သော် စည်ပင်သာယာရေးကော်မတီက လုပ်ငန်းလုပ်ကိုင်ခြင်းအား ချက်ခြင်းရပ်ဆိုင်းရန် သတိပေးခြင်းခံ ရပါသည်။

ပြေင်းရွှေ့လုပ်ကိုင်ရန် မြေနေရာလည်း မရှိ၊ လုပ်ငန်းများ ရပ်ဆိုင်းခြင်းခံထားရသော လုပ်ငန်းရှင်များမှာ မိသားစုနှင့် အလုပ်သမားများရဲ့ ဝန်ပိ၍ နေပါသည်။ ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းငယ်များသာ ဖြစ်ကြသော လုပ်ငန်းရှင်များမှာ ပြောင်းရွှေ့လုပ်ကိုင်ရန်မြေနေရာ မရရှိခင် ယာယီဆက်လက်လုပ်ကိုင်ခွင့်ပြုရန်ကိုပင် အသနားခံစာ တင်နေရပါသည်။
တရားဝင် လိုင်စင်ခွန်၊ စည်ပင်ခွန်၊ အမြတ်ခွန်၊ ကုန်သွယ်ခွန် များကို အပြည့်အဝ ပေးဆောင်လုပ်ကိုင်နေကြသော လုပ်ငန်းရှင်များမှာ စီးပွားရေးပျက်ကပ်ကြားထဲ လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် ဘဏ်ချေးငွေ၊ ပြင်ပမှချေးငွေများနှင့် ရုန်းကန်နေကြရသည်။ ချေးငွေအတိုးပေးရ၊ အလုပ်သမားစရိတ်၊ အထွေထွေစရိတ် များဖြင့် ပတ်ချာလည်နေသည့်အပြင် ယခုကဲ့သို့သော ဖိနှိပ်အနိုင်ကျင့်မှုနှင့် ထပ်မံရင်ဆိုင်ရသဖြင့် လွန်စွာ ထိခိုက် နစ်နာလှပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts