>27% Burmese students fail in Burmese subject


>

ဆယ်တန်းတွင် မြန်မာစာ ကျသူ ၂၇ ရာခိုင်နှုန်းရှိဟု ဂုဏ်ထူးဦးသိန်းနိုင် ပြောဆို
မိုးမခအထောက်တော် အမှတ် ၀၀၉
ဇန်န၀ါရီ ၁၇၊ ၂၀၁၀
မြန်မာစာ နည်းပြဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် (ဓာတ်ပုံ – mandalaymarionettes.com)


မြန်မာပြည် ဆယ်တန်းစာမေးပွဲတွင် မြန်မာစာ ဘာသာရပ် ကျရှုံးသူ နှစ်စဉ် ၂၇ ရာခိုင်နှုန်းရှိသည်ဟု နာမည်ကျော် မြန်မာစာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ကပြောသည်။

တနင်္လာနေ့ထုတ် The Voice ဂျာနယ်နှင့် ဆက်သွယ်မေးမြန်းခန်းတွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ဆယ်တန်း စာမေးပွဲ ခေါ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် ရက်ပေါင်း ၆ဝ ခန့်သာ လိုတော့သည်ဟု ဆိုသည်။

အစိုးရစစ် စာမေးပွဲဖြစ်သည့် ဆယ်တန်းစာမေးပွဲသည် မေးခွန်းများ ကြိုတင်မသိရှိရ သောကြောင့် ကျရှုံးသူ အလွန် များပြားသည်။

မြန်မာနိုင်ငံ၏ ပညာရေး အခြေအနေနှင့် ပတ်သက်သည့် သတင်းဆိုးများ ထွက်ပေါ်နေသည်မှာ နှစ်ပေါင်း ၄၀ ၀န်းကျင် ရှိပြီ ဖြစ်သည်။

အစိုးရက ကျောင်းသားများ ပညာတတ်မြောက်ရေးထက် ၎င်းတို့အား ထောက်ခံရေးကိုသာ ဦးစားပေး ဆောင်ရွက်နေသည်ဟု အများက ယူဆကြသည်။

ဆယ်တန်းစာမေးပွဲ အောင်ချက်ကောင်းရေးအတွက် ဖိအားပေးသဖြင့် အဖြေလွှာ စစ်ဆေးသူများကလည်း လျှော့ပေါ့ပြီး စစ်ဆေးကြရသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

“နအဖစစ်အစိုးရ ပညာရေးစနစ်သည် သူငယ်တန်းမှ (၈) တန်းအထိ ကျရှုံးမှု မရှိ အတန်းတင် ပေးသည့် စနစ် ဖြစ်သည်။ တက္ကသိုလ် ဝင်တန်းများနှင့် ပတ်သက်၍ ဘာသာရပ် အလိုက် အောင်မှတ် (၄ဝ) ရသူများကို အအောင်ပေးသည့် စနစ် ကျင့်သုံးခြင်း မဟုတ်ဘဲ ၎င်းတို့ လိုအပ်သည့် အရေအတွက်ကို လိုက်ပြီး အောင်မှတ်ကို အလျှော့အတင်းလုပ် အအောင်ပေးလေ့ ရှိသည့်အတွက် အချို့နှစ်များတွင် ဘာသာတချို့၏ အောင်မှတ်သည် အမှတ် (၂ဝ) အောက်အထိ ရောက်သွားခဲ့ဖူးသည်” ဟု ခေတ်ပြိုင်သတင်းဌာန၏ ဇွန်လ ၈ ရက်နေ့ သတင်းတပုဒ်တွင် ဖော်ပြထားသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts